နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်လူပေါင်း ၉၀၀ ကျော် သေဆုံး

နယူးဒေလီ  ဒီဇင်ဘာ  ၉

အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း အပူလှိုင်းပေါင်း ၂၇ ကြိမ်နှင့် မိုးကြိုးမုန်တိုင်း ၂၄၀ အထိ ပစ်ခတ် ခဲ့ပြီး လူ ၉၀၇ ဦးအထိ သေဆုံးခဲ့ ကြောင်း  မိုးလေဝသ ဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်အတွင်း အပူလိုင်း၊  မိုးကြိုးပစ်ခြင်းနှင့်  ပြင်းထန်သည့် ရာသီဥတုဖောက်ပြန်မှုများသည် အိန္ဒိယနိုင်ငံတွင် စံချိန်တင်မြင့်တက် ခဲ့ပြီး  ဆက်စပ်သေဆုံးမှုများသည် လည်း သုံးနှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ရှိလာကြောင်း သိရ သည်။

မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် ပြင်းထန်ရာသီဥတု ဖောက်ပြန်မှု များကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၂၁၈၃  ဦး သေဆုံးခဲ့ပြီး ယင်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ရောက် ရှိလာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ မုတ်သုံရာသီ အပူချိန်သည် ယခုရာစုနှစ်အတွင်း စံချိန်တင်မြင့်တက်လာပြီး အနာဂတ် တွင်လည်း မကြာခဏဆိုသလို ပြင်း ထန် သည့် အပူလှိုင်းဒဏ်ကို ကြုံတွေ့ ရနိုင်ကြောင်း အစိုးရက သတိပေးထား သည်။

(ref: AP)






အခြားဆက်စပ်သတင်းများ