နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျမေကာတွင် အရေးပေါ်အခြေအနေကြေညာ

ကစတန်   ဒီဇင်ဘာ  ၉

ဂျမေကာနိုင်ငံ ဝန်ကြီးချုပ် အန်ဒရူးဟိုလ်နက်စ်သည် ဒေသတွင်း လူသတ်မှုနှုန်း အများဆုံးဖြစ် နေသည့် ကျွန်းပေါ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုများကို အရှိန်အဟုန် နှင့်တိုက်ဖျက်ရန် ဒီဇင်ဘာ ၈ ရက်က စပြီး အရေးပေါ်အခြေအနေ ကြေညာ လိုက်ကြောင်း သိရသည်။ 

ကင်စတန်မြို့တော်ရှိ ရပ်ကွက် အချို့နှင့် ဂျမေကာနိုင်ငံ၏ စီရင်စု ၁၄ ခုအနက် ၆ ခုတွင် အရေးပေါ် အခြေအနေ ကြေညာထားပြီး အဆိုပါ ဒေသများတွင် လူများကို ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီးခွင့် ပြုထားသလို အဆောက်အအုံအတွင်း ဝင်ရှာခွင့် ကိုလည်း အာဏာပိုင်များက ခွင့်ပြု ပေး ထားကြောင်း သိရသည်။

နိုင်ငံရေးအတိုက်အခံသမားများ နှင့် တက်ကြွလှုပ်ရှားသူများကမူ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုများ ဖြစ်လာ နိုင်ကြောင်း ဝေဖန်လျက်ရှိသော်လည်း ဂျမေကာ ဝန်ကြီးချုပ်ကမူ ဝေဖန်မှုများ ကို ပယ်ချထားပြီး လူများ၏ အသက်ကို ကယ်တင်ရန် ဦးစားပေးမည်ဖြစ် ကြောင်း ပြောကြားသည်။

လူဦးရေ ၂ ဒသမ ၈ သန်းရှိသည့် ဂျမေကာနိုင်ငံတွင် ယခုနှစ်အတွင်း လူသတ်မှု ၁၄၂၁ ခုဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကလည်း လူသတ်မှု ၁၃၇၅ ခုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြော သည်။             

(ref: CNA)






အခြားဆက်စပ်သတင်းများ