နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်နှင့် ကြိုတင်ပြင်ဆင်မှု

ရန်ကုန်   ဇွန်   ၁၅


ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၃ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းငလျင် တစ်ခု ဇွန်လ ၁၄ ရက် အစောပိုင်းကလှုပ်သွားခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သတင်းထုတ်ပြန်ထား သည်။ မြန်မာနိုင်ငံပြည်တွင်းတွင်လည်း ဇွန်လ ၁၄ ရက်နေ့တွင် တစ်နေ့တည်းငလျင် ၃ ကြိမ်လှုပ်ခဲ့သည်။


ဇွန်လ ၁၄ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၀၅ မိနစ် ၃၁ စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၄၆ မိုင်ခန့်ကွာဝေးသော ကလေးမြို့၏ အနောက်၊ အနောက်မြောက်ဘက် ၁၂မိုင်အကွာ အနက် ၃၈ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ သုညအဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်လှုပ်ရှားသွားခဲ့သည်။


အလားတူ မြန်မာစံတော်ချိန် ၀၉ နာရီ ၄၇ မိနစ် ၁၄ စက္ကန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ် ကျင်းမြို့၏အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ အနက် ၇ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး  ၃ ဒသမ ၅ အင်အားအနည်းငယ်ရှိ‌ မြေငလျင်နှင့်မြန်မာစံတော်ချိန် ၀၉ နာရီ ၀၉ မိနစ် ၄၃ စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်အကွာ ဆွမ်ပရာဘွမ်မြို့၏ အနောက်မြောက်ဘက် ၂၈ မိုင်ခန့်အကွာ၊ အနက် ၂၁ ကီလိုမီတာဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးဒဏ်များခံစားရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် တည်ရှိသောပြတ်ရွေ့ကြော များအနက် နိုင်ငံတကာမြေငလျင်နှင့်ဘူမိဗေဒပညာရှင်များ သိရှိစိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံအလယ်မှဖြတ်၍ တောင်၊ မြောက်တန်းလျက် အနေအထားဖြင့်တည်ရှိနေသည်။


မြေငလျင်လှုပ်ရှားခြင်းကို ကြိုတင်ခန့်မှန်းမရသော သဘာဝတစ်ခုဖြစ်ကြောင်း ငလျင်ဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှုများတတ်သည်။ လူအသေအပျောက်ထိခိုက်ဒဏ်ရာများစွာဖြစ်ပေါ်တတ်သည်။ မြေငလျင် လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင်နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်သည်။


သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းပါဖြစ်နိုင်ခြေလျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန် ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဟု ဆိုချင်ပါကြောင်း။             ။






အခြားဆက်စပ်သတင်းများ