ဆောင်းတွင်းအခါ ရေနွေးကြမ်းပူပူသောက်ပါ ဆောင်းရာသီရောက်သောအခါသဘာဝ အလျောက် ခန္ဓာကိုယ်တွင်းထဲမှာ အပူခဲနေပြီး ခန္ဓာကိုယ်ပြင်ပ၏ အသားအရေမှာ အေးစက် နေတတ်ကြသည်။ အပူအအေး မျှတစွာ နေထိုင်ဖို့အတွက် လက်ဖက်ခြောက် ရေနွေး ကြမ်း သောက်ပေးသင့်ပါသည်။ ရေနွေးကြမ်း က ကိုယ်ခံအားကောင်းမွန်စေပြီး နှလုံးကျန်းမာ ရေးသာမက အစာအိမ်ကိုကောင်းကျိုးပြု သဖြင့် ဆောင်းရာသီတွင် ခံစားရ လေ့ရှိသော အစာမကျေခြင်းမှ ကာကွယ်ပေးပါသည်။ ခြေဖျား၊ လက်ဖျား အေးတတ်သူများအတွက် နံနက်အိပ်ရာထ လက်ဖက်ရည် အချို သို့မဟုတ် ကော်ဖီတစ်ခွက် သောက်သုံးခြင်းထက် လက်ဖက်ရည်ကြမ်းပူပူ သောက်ခြင်းက ဆောင်း ရာသီမှာ ပို၍ သင့်တော်ပါသည်။ အထူး သဖြင့် ဆောင်းရာသီ ဝမ်းချုပ်တတ်သူများ အနေ ဖြင့် ရေအေး၊ ရေကျက်အေး သောက်မည့် အစား လက်ဖက်ခြောက် ရေနွေးကြမ်းပူပူကို သောက်သုံးပေးခြင်းဖြင့် ဆောင်းတွင်းကာလ ပတ်လုံး ကျန်းမာစွာနေထိုင်နိုင်မည် ဖြစ်ပါ သည်။
ရေနွေးကြမ်း လက်ဖက်ခြောက်သောက် ခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို မလွဲမသွေရရှိစေပါမည်။
ကိုယ်အလေးချိန် ကျစေခြင်း
လက်ဖက်စိမ်းထဲရှိ ပိုလီဖီနော (poly phenol) ဓာတ်တစ်မျိုးက ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်ကို သွက်လက်မြန်ဆန်အောင် ကူညီ ပေးပြီး တစ်နေ့တာ စားသုံးလိုက်သော အစား အစာများထဲက ပိုလျှံစွာသိုလှောင်ထားသည့် အရာတွေကို လောင်မြိုက်သွားစေသဖြင့် ခန္ဓာကိုယ် သွယ်လျစေပါ သည်။
စိတ်ဖိစီးမှု လျော့ကျခြင်း
လက်ဖက်စိမ်းထဲတွင်ပါရှိသော အစိမ်း ရောင် ဟင်းသီးဟင်းရွက်မှရရှိသည့် သဘာဝ သီအာနင်း (theanines) ဓာတ်တစ်မျိုးက စိတ်မသက်သာ ဖြစ်ခြင်းနှင့် စိတ်မကြည်လင်မှု များကို လျော့ကျပေးနိုင်ပါသည်။
ကင်ဆာရောဂါကို တိုက်ထုတ်ခြင်း
ကင်ဆာရောဂါဗေဒဆိုင်ရာ သုတေသီများ က လက်ဖက်စိမ်းနှင့် ကင်ဆာရောဂါတို့အကြား ဆေးဖက်ဝင်ပုံနှင့် ပတ်သက်၍လေ့လာမှု အမျိုးမျိုးကို ယနေ့အချိန်ထိ မကုန်နိုင် မခန်း နိုင်အောင် လေ့လာနေဆဲဖြစ်ပါသည်။ antioxi -dants (ခေါ်) ခန္ဓာကိုယ် အကျိုးပြုဓာတ်တိုး ဆန့်ကျင် ပစ္စည်းများဖြင့် ပြည့်ဝနေသော လက်ဖက်စိမ်းက ကိုယ်ခံစွမ်အားများတိုးတက် မြင့်မားစေပြီး ကျန်းမာရေးကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှား ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် ကင်ဆာ ရောဂါ မဖြစ်အောင် ပံ့ပိုးကူညီပေးပါသည်။
ကိုလက်စထရော ကျစေခြင်း
လက်ဖက်ရည်ကြမ်း ပူပူ ငါးခွက်နှင့်အထက် နေ့စဉ်သောက်သုံးသူတွေမှာ LDL cholesterol (ခေါ်) မကောင်းသောကိုလက်စထရောများ ကို ထိထိရောက်ရောက် လျှော့ချပေးပြီး HDL cholesterol (ခေါ်) ကောင်းသော ကိုလက်စထရောများကို အလိုအလျောက် မြှင့်တင်ပေးပါသည်။ NHS မှ ဆန်းစစ်မှု မှတ်တမ်းများအရ လူ ၈၂၁ ဦးကို လက်ဖက်စိမ်း သို့မဟုတ် လက်ဖက်ခြောက်ထည့်ထားသည့် လက်ဖက်ရည် ကြမ်းပူပူ တစ်နေ့လျှင် ငါးခွက် နှုန်းဖြင့် သောက်စေခဲ့ပြီးနောက်၊ ၁၁ ကြိမ် တိတိ လေ့လာခဲ့ရာ လက်ဖက်ရွက်ထဲတွင် ပါရှိ နေသော ကတီချင်း (catechins) ဓာတ် တစ်မျိုးက မကောင်းသော ကိုလက်စထရောကိုကျစေပြီး သွေးတိုးကိုလည်း ကျစေကြောင်း အဖြေထွက်ရှိ ခဲ့ပါသည်။
သွားနဲ့ခံတွင်းကျန်းမာခြင်း
လက်ဖက်စိမ်းက anti-inflammatory (ခေါ်) ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းခြင်းပြဿနာများကို ကာကွယ်ပေးနိုင်သဖြင့် အထူးသဖြင့် ဆောင်း ရာသီတွင် ဖြစ်တတ်သော အပူကန်လည်ချောင်း နာရောဂါများ၊ သွားနှင့် ခံတွင်းရောဂါများမှ လည်း ကာကွယ်ပေးပါသည်။ အမျိုးသား၉၄၀ ဦး ဖြင့် မှတ်တမ်းပြုစုခဲ့ရာမှာ လက်ဖက်ခြောက် လက်ဖက်ရည်ကြမ်း မှန်မှန် သောက်သုံးသူများ သည် လက်ဖက်ရည်ကြမ်း လုံးဝမသောက်သုံးသူ တွေထက် သွားနှင့် ခံတွင်းကျန်းမာရေး ပိုမိုကောင်း မွန်ကြကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထား ပါသည်။
အစာခြေစနစ် ကောင်းမွန်ခြင်း
The Cincinnati College of Medicine မှ လေ့လာချက်အရ လက်ဖက်စိမ်းထဲတွင် ပါရှိသော အဆင့်မြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အစာခြေစနစ်ကို ပံ့ပိုးကူညီပေးနိုင်သဖြင့် ရေနွေး ကြမ်းသောက်ခြင်းက အူမကြီးရောင်ခြင်းနှင့် ဆက် စပ်သောရောဂါများကို သက်သာပျောက်ကင်း စေကြောင်း သိရပါသည်။
အရွယ်တင်နုပျိုစေခြင်း
ကော်လာဂျင်ဆိုသည်မှာ အရေပြားအတွက် ပရိုတင်းအာဟာရ တစ်မျိုးဖြစ်ပါသည်။ အရေပြား ထဲက ကော်လာဂျင်တွေကို ဖြိုခွဲပစ်တတ်သည့် မကောင်းသော free radicals တွေနှောင့်ယှက်မှုကို လက်ဖက်စိမ်းထဲရှိ antioxidant က ရပ်တန့် ပေးနိုင်ပါသည်။ ထို့ကြောင့် လက်ဖက်စိမ်းရေနွေး ကြမ်းပူပူက အရေပြားရော့ရွဲတွန့်ခြင်းမှ ကာကွယ် ပေးကာ အရွယ်တင်နုပျိုစေပါသည်။ ထို့ပြင် ဆောင်းရာသီ ခြေဖနောင့်ကွဲခြင်း၊ အသားပတ်ခြင်း နှင့် နှုတ်ခမ်းသားများ ခြောက်သွေ့ အဖတ်လန်ခြင်း မှလည်း ကာကွယ်ပေးနိုင်ပါသည်။
မှတ်ဉာဏ်စွမ်းရည် ပိုမိုကောင်းမွန်ခြင်း
နိုင်ငံတကာသုတေသီများ၏ ဆန်းစစ်မှုမှတ် တမ်းများအရ Green Tea (ခေါ်) ရေနွေးကြမ်းက လူသားတို့၏ မှတ်ဉာဏ်စွမ်းရည်နှင့် ဆက်စပ်မှု များ ရှိနိုင်ကြောင်းကို အောက်ပါအတိုင်း လေ့လာ တွေ့ရှိရပါသည်။
စင်္ကာပူနိုင်ငံရှိ Psychological Medicine ဌာနမှ ၂၀ဝ၃ ခုနှစ် မှ ၂၀၁၀ ပြည်နှစ် အတွင်း လေ့လာမှု မှတ်တမ်းများအရ လက်ဖက်ရည် ကြမ်းကို ရံဖန်ရံခါမှ သောက်သုံးသော သက်ကြီး ရွယ်အို များသည် လက်ဖက်ရည်ကြမ်း ပုံမှန် သောက်သုံးသော သက်ကြီးရွယ်အိုများထက် သိမြင်မှုစွမ်းရည် ကျဆင်းနိုင်ခြေ ပိုများနေ ကြောင်း တွေ့ရပါသည်။
The American Journal of Public Health မှ ထုတ်ဝေခဲ့သော လေ့လာမှုအရ လက်ဖက်အစိုနှင့် လက်ဖက်ခြောက် နှစ်မျိုးရှိရာ လက်ဖက်ခြောက် လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းက ဦးနှောက်အတွက် အကျိုး ဖြစ်ထွန်းမှုများ ရရှိစေပြီး လက်ဖက်စိမ်း ရေနွေးကြမ်းသောက်သုံးခြင်းက မှတ်ဉာဏ် စွမ်းရည်ကို ပိုမိုကောင်းမွန်စေကြောင်း သိရ ပါသည်။
ယနေ့ကမ္ဘာပေါ်ရှိ လူအများသည် အာရုံကြောစနစ် ချို့ယွင်းမှုရောဂါကို ခံစား နေကြရကြောင်း၊ နှစ်စဉ် အာရုံကြောစနစ် ချို့ယွင်းမှု ရောဂါခံစားရသူ ၇ ဒသမ ၇သန်း ဝန်းကျင်ရှိနေပြီး ၂၀၅၀ ပြည့်နှစ်တွင် အာရုံ ကြော စနစ်ချို့ယွင်းမှု ရောဂါခံစားရသူ အရေအတွက်မှာ ၁၃၅ ဒသမ ၅သန်းအထိ တိုးမြင့်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထား ကြောင်း၊ ထို့ကြောင့် လူအများ ရေနွေးကြမ်း သောက်သုံးသော အလေ့အထကောင်းကို ကြိုးစားမွေးမြူသင့်ကြောင်း စသည်ဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ယခုလို အကြံပြု ထားပါသည်။
အချုပ်အားဖြင့်ဆိုသော် ဆောင်းရာသီ တွင် လက်ဖက်ခြောက် ရေနွေးကြမ်းသောက် ခြင်းက ဇီဝဖြစ်စဉ်အတွက် များစွာအထောက် အကူဖြစ်စေနိုင်ပါသည်။ ထို့ပြင် ဆောင်းဥတု သာမက ရာသီမရွေး သက်ရှည်ကျန်းမာစေ ဖို့အတွက် လက်ဖက်ရည်ကြမ်းပူပူကို နေ့စဉ် ငါးခွက်ထက်မနည်း သောက်သုံးကြစေလိုပါ ကြောင်း အကြံပြုလိုက်ရပါသည်။ ။
ပေါက်ပေါက်