နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ့်အကျိုးဟု ဆိုသော်လည်း

အကြမ်းဖက်ခိုင်းစေမှုသည် ကျေးကျွန်စနစ်သာ ဖြစ်သည်။ ယင်းသည် လူ့ဘဝတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင် သော်လည်း မျက်မှောက်ကာလတွင် မရှိအပ်သော စနစ်ဖြစ်သည်။ ကျေးကျွန်ခေတ် မဟုတ်သော်လည်း ကျေးကျွန်ကဲ့သို့ ပြုမူဆက်ဆံ ထိတွေ့မှုများ ရှိနေသည်ကို တွေ့ရသည်။ ယင်းတို့မှာ အိမ်ဖော် ကဲ့သို့အလုပ်၊ လူခန္ဓာကိုယ်နှင့် ရင်းနှီးလုပ်ကိုင်ရသော အလုပ်၊ ကလေးလုပ်သားများ ဖြစ်ကြသည်။

ထိုအလုပ်အကိုင်များမှာ နိုင်ငံတိုင်းတွင် ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။ အတင်းအဓမ္မအကြမ်းဖက်ခိုင်းစေသည့် အမှုများကို တွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ပင်ဖြစ်သည်။ အချို့သွယ်ဝှိုက် စေခိုင်းမှုမျိုးဖြစ်သည့် သာမန်အဖိုးစားနားပေးပြီး အတင်းအဓမ္မ စေခိုင်းမှုများ၊ အလွန်အကျွံစေခိုင်းမှုများရှိသည်။

လူ့အဖွဲ့အစည်းအတွင်း မိမိလုပ်ငန်းအကျိုးစီးပွားအတွက် လုပ်ကိုင်မှုများဖြစ်သော်လည်း အလုပ်လုပ်နိုင်ခွင့် အတိုင်းအတာ၊ အလုပ်သမားအကျိုးခံစားခွင့်များ ထိခိုက်နစ်နာမှုမရှိရေး သတိပြု ကြရပေမည်။ အလုပ်လုပ်ရာတွင် အလုပ်သမားအကြိုက် မက်လုံး ပေး စေခိုင်းမှုသာဖြစ်သင့်သည်။

နိုင်ငံတကာအလုပ်အကိုင် အခြေအနေများ သုံးသပ်ချက်အရ တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ် နှစ်သန်းကျော် မှာ အတင်းအဓမ္မခိုင်းစေသည့် အလုပ်များထဲတွင် ကျင်လည်နေ သည်ဟု သိရသည်။

ယခုအခါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဌာနတို့ ပူးပေါင်းကာ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပလျက်ရှိသည်။

အလားတူပင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပလျက်ရှိရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံး ပေါင်းစုလှုပ်ရှားပေး ဆောင်ပုဒ်ဖြင့် ကျင်းပလျက်ရှိသည်။

အဓမ္မခိုင်းစေမှုများနှင့် အကြမ်းဖက်မှုများ ပပျောက်စေရန် ဆင်းရဲနွမ်းပါးသူများ၊ ရပ်တည်ရန်ခက်ခဲသူများ၊ မသိနားမလည်သူ များကို တစ်ဦးချင်း၊ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းပါဝင် ကူညီစောင့်ရှောက် အသိပညာပေး ဆောင်ရွက်ခြင်းဖြင့် ကင်းဝေး စေမည်ဖြစ်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ