နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်

ခရီးသွားလုပ်ငန်းသည် လူအများပါဝင်ပတ်သက် လုပ်ကိုင် ရသော ဝန်ဆောင်မှုကိုအခြေခံသည့် လုပ်ငန်းကဏ္ဍတစ်ရပ် ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ခရီးသွားလာလည်ပတ်နိုင်သည့် ထင်ရှားသောနေရာများတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ကား အငှားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများ ဒေသထွက်          လက်ဆောင်ပစ္စည်းအရောင်းဆိုင်များဖြင့်  အလုပ်အကိုင် အခွင့်အလမ်းများရရှိကြသည်။

မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းကို ပိုမိုလိုလားနှစ်သက်ကြသည်။ မြန်မာနိုင်ငံသည် ဆယ်နှစ်လရာသီ ပွဲလမ်းသဘင်များကို ရှေးအစဉ်အဆက် ယဉ်ကျေးမှုအစဉ်အလာ မပျက် နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လေ့ရှိသည်။ နိုင်ငံအနှံ့လည်ပတ် ချင်စရာ၊ အပန်းဖြေစရာ နေရာများစွာရှိသည်။ နိုင်ငံသူနိုင်ငံသား များသည် တစ်နှစ်တစ်ခါသာမက အားလပ်ရက်များ၌ တစ်ဦး ချင်းအလိုက်၊ မိသားစုအဖွဲ့အလိုက် သွားရောက်လည်ပတ် အပန်းဖြေလေ့ရှိကြသည်။ မိမိတို့ဘဝများကို ပျော်ရွှင်ချမ်းမြေ့စရာ များတွင် ပိုမိုအချိန်ပေးလေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွား များ စည်ကားလေ့ရှိပြီး ဘုရားဖူးခရီးစဉ်၊ အလည်အပတ်ခရီးစဉ် နှင့် အပန်းဖြေခရီးစဉ်များ ခရီးသွားများလေ့ရှိသည်။ ၂၀၂၂ ခုနှစ် ရုံးပိတ်ရက်ရှည်များတွင် ပြည်တွင်းခရီးသွားကဏ္ဍ တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၏ ခရီးသွားရာသီအဖွင့်သည် ကောင်းမွန်မည်ဟု မျှော်လင့်ထားကြသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခရီးသွားဧည့်သည်များနှင့် အဓိကထိတွေ့ မည့် ဟိုတယ်လုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး၊ စားသောက်ဆိုင်လုပ်ငန်းများကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ပေးနိုင်ရေး၊ ဟိုတယ် များ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်သာယာလှပရေးနှင့် ခရီးသွား လုပ်ငန်းတိုးမြှင့် ဖွင့်လှစ်ပေးနိုင်ရေးတို့ကို စီမံဆောင်ရွက်နေသည်။

သို့ဖြစ်ရာ ၂၀၂၃ ခရီးသွားရာသီအဖွင့်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ    ပွဲလမ်းသဘင်များ၊ အလည်အပတ်ခရီးစဉ်များတွင် ပြည်သူများ စိတ်နှလုံးချမ်း‌မြေ့စွာ သွားလာနိုင်ရေးအတွက်  ခရီးသွား လည်ပတ်ရေးအစီအစဉ် များတွင် ဥပဒေစည်းကမ်းများကို လိုက်နာပြီး မိမိတို့စိတ်မွန်းကျပ်မှု များကို ပြေလျော့နိုင်ရေး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းရပေ      သည်။      ။






အခြားဆက်စပ်သတင်းများ