နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူတစ်သန်းကျော် ရှိလာ

ဧပြီ ၃၊ လန်ဒန် ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော် ရှိလာသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်မှ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူအများဆုံးရှိသည့် နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၂၄၅၀၈၀ ရှိနေသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် တစ်ရက်အတွင်း စံချိန်တင် လူသေဆုံးမှုအဖြစ် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကြောင့် သေဆုံးသူ ၅၃၀၀၀ နီးပါးရှိပြီး ရောဂါပျောက်ကင်းသက်သာသူ ၂၁၀၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် COVID-19 ရောဂါမှာ ကူးစက်ခံရသူ တစ်သိန်းပြည့်ရန် အချိန်တစ်လခွဲ ကြာမြင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ရက်သတ္တပတ်အတွင်း ကူးစက်ခံရသူအရေအတွက် နှစ်ဆမြင့်တက်လာခဲ့ပြီးနောက် ကူးစက်ခံရသူတစ်သန်း ကျော်ခဲ့သည်။ ကူးစက်ခံရသူတစ်သန်းကျော်ရှိသည့်အနက် တစ်ဝက်နီးပါးမှာ ဥရောပတိုက်တွင် ကူးစက်ခံရခြင်း ဖြစ်ပြီး လေးပုံ တစ်ပုံမှာ အမေရိကန်နိုင်ငံတွင် ကူးစက်ခံရခြင်းဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ