နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ခန္ဓာသန်စွမ်း စိတ်နှလုံးရွှင်လန်းစေဖို့

မိုးအကုန်ဆောင်းအကူး မပူမအေး သမမျှတသောကာလသို့ ရောက်ရှိတော့မည်ဖြစ်၏။ မြို့ပြလမ်းများပေါ်တွင် နံနက်ပိုင်း တွင် သွားသွားလာလာ လှုပ်လှုပ်ရှားရှားဖြင့် စောစောထ လမ်းလျှောက်နေသူ များလာ၏။ ကျန်းမာရေးအတွက် လမ်းလျှောက် နေသည့် လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများနှင့် သက်ကြီး ရွယ်အိုများကို တွေ့မြင်နေရသည်။

အသက်အရွယ်ရလာချိန်တွင် လမ်းလျှောက်ခြင်းသည် အသက်ရှည်ဆေးတစ်ရပ်ပင်ဖြစ်ပြီး လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူများစွာ ဖြစ်စေနိုင်သည်။ နှလုံး နှင့် သွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ကုသရာတွင် လည်း အထောက်အကူပြုသည်။ သွေးအတွင်း အဆီများတိုးမလာ အောင် ဟန့်တားပေးသည့်အတွက် ကိုယ်အလေးချိန် ထိန်းပေး ပြီး အဝလွန်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်း ခြင်း၊ သွေးတိုးခြင်းတို့မဖြစ်အောင် ကာကွယ်ပေးကြောင်း ကျန်းမာရေးသုတေသီများက ထုတ်ဖော်ပြောကြားလျက်ရှိ သည်။

ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကို ပိုင်ဆိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု သို့မဟုတ် လမ်းလျှောက် ခြင်း ပြုလုပ်သင့်ပေသည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ် ရာတွင် အသက်ကြီးသူ၊ ငယ်သူ၊ အိုသူ ဟူ၍မရှိဘဲ ပြုလုပ်သူ အရွယ်သုံးပါးလုံးကို အကျိုးပြုသည်။

လမ်းလျှောက်ခြင်းဖြင့် အသားအရည်ကို စိုပြည်စေခြင်း၊ အသားအရည်တင်းတင်းရင်းရင်းရှိခြင်း၊ ခြေနှင့်လက် လှုပ်ရှားရ သည့်အတွက် ကြွက်သားများ သန်မာစေသည်။

မြို့ပြလူမှုဘဝ ပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာ သည့်အခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများလျှောက်ပေးသင့် သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှု ပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များ တိုးပွားလာမည်ဖြစ်သည်။ စုပေါင်းလမ်းလျှောက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုကို ရသကဲ့သို့ ပျော်ရွှင်မှုကို လည်း ရရှိစေသည်။

သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည် အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည် ကျန်းမာစေရန်အတွက် စောစောထလမ်းလျှောက်ခြင်း အလေ့ အထကို ဂရုပြုဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းရပေ သည်။






အခြားဆက်စပ်သတင်းများ