နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အသုံးပြုသူတိုင်း၊ သတိပြုလိုက်နာရေး ကြိုးပမ်းဆောင်ရွက်

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခို အားထားရာ အကျိုးပြုရာဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေ သည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိကထုတ်ယူအသုံးပြုကြ သည်။ ရေအားလျှပ်စစ်စွမ်းအင်သည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။

နိုင်ငံလူဦးရေနှင့်   မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှု              လုပ်ငန်းများ    တစ်နေ့တခြားတိုးပွားလာလျက်ရှိသည်။ ၂၀၃၀-၂၀၃၁ နိုင်ငံလူဦးရေ ရာနှုန်းပြည့်လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ အခြေအနေတွင် ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ ဓာတ်အား သုံးစွဲခွင့်ရရှိနေသည်။ 

လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် အနှောင့်အယှက်၊ အဖျက်အဆီးများနှင့် စိန်ခေါ်မှုအခက်အခဲ များ ကြုံတွေ့နေရာတွင် ပြည်သူများ၏ပူးပေါင်းပါဝင်ဆောင် ရွက်ရန်လိုအပ်သည်။ ယင်းကြောင့် ဓာတ်အားထုတ်လုပ်မှု များ လျော့နည်းကျဆင်းနေပြီး ဓာတ်အားခမပေးဆောင်ရန် ခြိမ်းခြောက်မှုနှင့် ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်မှုကြောင့် အချို့သောဓာတ်အားထုတ်စက်ရုံများ ရပ်တန့်ထားရသည်။ ဓာတ်အားထုတ်လုပ်မှုလျော့နည်းကျဆင်းလာသဖြင့် ဝန်အား ထိန်းညှိလျှော့ချနေရသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလည်း စနစ်တကျဖြစ်စေ လိုကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်မှာ ကြီးမားလာနိုင်ပြီး လိုအပ်ချက်ပြည့်မီနိုင်ရေး နိုင်ငံတော်အနေ ဖြင့် လျှပ်စစ်စီမံကိန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်မှ လျှပ်စစ်လိုအပ်ချက်ပြည့်မီနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သုံးစွဲသူများအနေဖြင့် လည်း အလေအလွင့်ဖြစ်စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း " ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

သို့ဖြစ်ရာ အလေအလွင့်ဖြစ်စေမည့် လျှပ်စစ်သုံးစွဲမှုများ မဖြစ်ပေါ်အောင်    လျှပ်စစ်ဓာတ်အားသုံးစွဲကြသူတိုင်းက ကိုယ်စီအသိတရားဖြင့် သတိပြုရှောင်ကြဉ်ရေး၊ ဓာတ်အားခ များပေးသွင်းရေး တာဝန်သိသိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ရေး ကြိုးပမ်းစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ