နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသည့် အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်မှ ကပ္ပတိန်ကို ရာထူးမှ ထုတ်ပယ်

ဧပြီ ၃၊ ဝါရှင်တန် လေယာဉ်တင်သင်္ဘောပေါ်မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် အမေရိကန်ရေတပ်က ထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့ခြင်းမရှိဟု ပြောခဲ့သည့် USS Theodore Roosevelt သင်္ဘောကပ္ပတိန်ကို ရာထူးမှ ဖယ်ရှားလိုက်သည်။ USS Theodore Roosevelt သင်္ဘောကပ္ပတိန် ခရိုဇီယာက ယင်း၏အထက်အရာရှိများထံ ပေးပို့သည့်စာတွင် စစ်ပွဲကာလမဟုတ်ဘဲ အမေရိကန်စစ်သည်များ သေဆုံးရခြင်းကို တားဆီးကာကွယ်ရန် တိုက်တွန်းခဲ့သည်။ ဂူအမ်ကျွန်းတွင် ကမ်းကပ်ထားသည့် အဆိုပါသင်္ဘောပေါ်တွင် အမှုထမ်း ၄၀၀၀ ခန့်ပါလာသည့်အနက် အနည်းဆုံး အမှုထမ်း ၁၀၀ မှာ COVID-19 ကူးစက်ခံထားရသည်ဟု သတင်းများက ဖော်ပြသည်။ သို့သော် သင်္ဘောကပ္ပတိန် ခရိုဇီယာမှာ အကဲခတ်ပိုင်းခြားမှု အလွန်ညံ့ဖျင်းခဲ့သည်ဟု အမေရိကန်ရေတပ်၏ ယာယီ အကြီးအကဲ သောမတ်စ်မိုဒလီက ပြောသည်။ အထက်အရာရှိများထံပေးပို့ခဲ့သည့်စာကို မီဒီယာများထံ ဖွင့်ချခဲ့ခြင်းကြောင့် ကပ္ပတိန်ခရိုဇီယာကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သောမတ်စ်မိုဒလီက ဆိုသည်။ “ သူရေးထားတဲ့ စာထဲမှာ သူ မေးထားတာတွေကို ရေတပ်က မတုံ့ပြန်သလို ဖော်ပြထားတယ်။ ရေတပ်က အလုပ်မလုပ်ဘူး၊ အစိုးရက အလုပ်မလုပ်ဘူးဆိုတဲ့ ထင်မြင်ချက်မျိုး ဖြစ်စေတယ်။ ဒါက မမှန်ပါဘူး’’ဟု သောမတ်စ်မိုဒလီက ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ