နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကောလင်းဒေသထွက် ရေစိမ်ခေါက်ဆွဲများ အရောင်းအဝယ်ကျဆင်း

ကောလင်း     ဇွန်   ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ရှိ ရေစိမ်ခေါက်ဆွဲစက်ရုံ ၁၀ ခုမှ ထွက်ရှိသော ရေစိမ်ခေါက်ဆွဲများကို မိမိတို့ကိုယ်ပိုင်တံဆိပ်အမျိုးမျိုးဖြင့် အများအပြားထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေစိမ်ခေါက်ဆွဲကို ကောလင်းဒေထွက်စောရှုပ်ဆန်ကိုအသုံးပြု၍ အဓိကထားထုတ်လုပ်လျက်ရှိကြသည်။

ရေစိမ်ခေါက်ဆွဲထုတ်လုပ်မှုနှင့်ပတ်သက်၍ ဒေသထွက်စောရှုပ်ဆန်ကို ကြွေပြားခင်းရေကန်တွင် ရေစိမ်ကာ ရေကိုစစ်ယူရပြီးရေစိမ်ပြီးသားစောရှုပ်ဆန်ကိုတစ်ကြိမ် ၄ ပြည်ဆံ့သော ဆန်ကိုမြင်းကောင်ရေ (၂၂) ကောင်အားရှိ တရုတ်နိုင်ငံထုတ်စက်များဖြင့် မုန့်ညှစ်အိုးအသုံးပြု၍လည်းကောင်း၊ ဆန်ဖွပ်ခုံဆန်ကြိတ်ခုံတို့ဖြင့် လည်းကောင်း ပြုလုပ်ပြီး၎င်းမုန့်အနှစ်များကို အာလိမ်ထဲထည့်ထောင်း၍ပေါင်းအိုးများဖြင့် ပေါင်းပြီးနောက် တစ်ဖန်ထောင်းထားသော မုန့်နှစ်များကိုဒလိမ့်တုံးဖြင့်လှိမ့်ကာ မုန့်ဖတ်များရရှိကြောင်း၊ ထို့နောက် မုန့်ဖတ် များကိုအအေးခံကာနန်းကြိတ်စက်ဖြင့် နန်းဆွဲပြီး နေပူလှန်းရကြောင်း၊ ရေစိမ်ခေါက်ဆွဲသည်ဆန်ကို အပုပ်စိမ်ရန်မလိုသည့်အတွက် ဘေးထွက်ဆိုးကျိုးကင်းကြောင်း၊ ကောလင်းမြို့ ရေစိမ်ခေါက်ဆွဲလုပ်ကိုင်သူ ဒေါ်မိုးမိုးလွင်က ပြောသည်။

အဆိုပါ ရေစိမ်ခေါက်ဆွဲ ၂၀ ကျပ်သားပါ ၁ ထုပ်ကိုလက်ကားဈေး ၄၀၀ ကျပ်၊ ၁၅ ကျပ်သားပါ ၁ ထုပ်ကိုလက်ကားဈေး ၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ထို့နောက် ရေစိမ်ခေါက်ဆွဲများကို ဂျပ်စက္ကူဖာဖြင့် လည်းကောင်း၊ ဆာလာအိတ်များဖြင့်လည်းကောင်း သေသပ်စွာထုပ်ပိုးရောင်းချလျက်ရှိပြီး ရေစိမ် ခေါက်ဆွဲခြောက်များသည် နှစ်ရှည်စွာအထားခံပြီးမှိုမတက်ခြင်း၊ အာနိသင်လျော့ခြင်းမရှိသောကြောင့် ဝယ်ယူစားသုံးကြသည့်အတွက် ဈေးကွက်ကျယ်ပြန့်စွာရောင်းချလျက်ရှိကြောင်း သိရသည်။

ယခင်က ကောလင်းဒေသထွက်ရေစိမ်ခေါက်ဆွဲကို မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ဟိုပင်၊ ဇီးကုန်း၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဝန်းသိုမြို့ပေါ်နှင့်ကောလင်းမြို့ပေါ်သို့ပို့ရပြီး ယခု COVID-19 ရောဂါဖြစ်ပြီးနောက်ပိုင်း တွင်ကားလမ်းများပိတ်ထားသဖြင့် အလုပ်ရုံနားထားရခြင်း၊ ၅ ရက်နား ၁ ရက်လည်ပတ်ရခြင်း၊ ၃ ရက်နား ၁ ရက်သာလည်ပတ်လျက်ရှိပြီး ရထားလမ်းတစ်ခုဖြစ်သည့် မြစ်ကြီးနား၊ စစ်ကိုင်း၊ မန္တလေး၊ ဝန်းသိုမြို့ပေါ်နှင့်ကောလင်းမြို့ပေါ်သို့သာပေးပို့ရသဖြင့် ယခင်ကလိုတွင်တွင်ကျယ်ကျယ်မပို့ရသည့်အတွက် ရေစိမ်ခေါက်ဆွဲများ အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။     

မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ