နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

တာမွေမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးနှင့်ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၅ ဦးဖြင့် သံသုမာလမ်းတွင်လမ်းနှင့်မလွတ်ကင်းသော သစ်ပင်ကိုင်းတက်များ၊ အုပ်မိုးကိုင်း များခုတ်ထွင်ရှင်းလင်း၍အလင်းဖွင့်ပေးခြင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် လူသွားစင်္ကြံ ကတ်တုံးများ ချေးချွတ်ဆေးကြောခြင်းများဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဗညားဒလလမ်း၊မြို့မရဲစခန်း အနီးတွင် အနှေးယာဉ်လူစီးဆိုက္ကားများနှင့် စက်ဘီးများယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရေးအတွက် အနှေးယာဉ်ဆိုက်ကား ၆၂ စီး၊ စက်ဘီးသုံးစီးတို့ကိုရောင်ပြန်ပြားများတပ်ဆင်ရေးအတွက်နှိုးဆော်ခြင်း၊ ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ပေးခြင်း၊ စက်ဘီး၊ ဆိုက်ကားစီသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များကင်းရှင်းစေရေး စည်းကမ်းလိုက်နာစေရန်အသိပညာပေးခြင်း၊ ယာဉ်စစ်ဆေးမှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။     

 မလတ်






အခြားဆက်စပ်သတင်းများ