နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်ငါးစည်ဖောင်း ပြည်တွင်း ပြည်ပ ဝယ်လိုအားရှိ

ရန်ကုန်   နိုဝင်ဘာ   ၂၂

တရုတ်ဝယ်လက်များက ငါးစည်ဖောင်း ရသမျှဝယ်ယူနေ သဖြင့်၊ ဈေးကောင်းရရှိနေသော် လည်း လတ်တလောတွင် ငါး စည်ဖောင်းထုတ်သည့် ငါးအရ နည်းနေသည်။

အရည်အသွေးကောင်း ငါး စည်ဖောင်းထုတ်သည့် ငါးများ ဖမ်းဆီးရမိပါက ၁၀ ကျပ်သား လျှင် ကျပ်သိန်း ၂၀ မှ သိန်း ၃၀ အထိ အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်က ထိုင်းသို့ အဓိက တင်ပို့နေသော်လည်း လက်ရှိ ရန်ကုန်ဈေးကွက်တွင် တရုတ် ဝယ်လက်များက ဈေးကောင်း ပေး၍ ဝယ်ယူလျက်ရှိသည်။

ပုသိမ်ဈေးကွက်တွင် ရိုးရိုး ငါးစည်ဖောင်းများသာ အရောင်းအဝယ်ဖြစ်ပြီး ငါးရွှေ စည်ဖောင်းခြောက်တစ်ပိဿာ လျှင် ကျပ် ၅၅၀၀၀၊ ငါးရောင် ငါး စည်ဖောင်းခြောက်တစ်ပိဿာ လျှင် ကျပ် ၂၇၀၀၀ မှ ၂၉၅၀၀၊ ငါးပုတ်သင် ငါးစည်ဖောင်း ခြောက် တစ်ပိဿာလျှင် ကျပ် ၇၅၀၀၀ ရှိသည်။

ပင်လယ်ငါးစည်ဖောင်းများ သည် အာဟာရဖြစ်ကာ ဆေး ဖက်ဝင်သည်ဆို၍ မူဆယ်၊ မြ ဝတီ၊ မြိတ်၊ ထားဝယ်နှင့် ကော့ သောင်းနယ်စပ်ဂိတ်များက တရုတ်၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်း ချနေကြသည်။

ငါးခြောက်လုပ်ရန် ငါးခွဲ သည့်အခါ ပေါ်ထွက်လာသည့် ငါးစည်ဖောင်းကို အခြောက် လှန်း၍ ပြန်လည်ရောင်းချကြ ခြင်းဖြစ်သည်။   

              008






အခြားဆက်စပ်သတင်းများ