နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ '

ရန်ကုန်   နိုဝင်ဘာ   ၂၂

အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေး ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာ စကားပြောကြားရာအဂတိ လိုက်စားမှု တားဆီးကာကွယ် ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်း အနားသို့ တက်ရောက်လာကြ သော တာဝန်ရှိပုဂ္ဂိုလ်များသည် ရှင်းလင်း ဆွေးနွေးပွဲက သိရှိရ သည့် အဂတိလိုက်စားမှု တိုက် ဖျက်ရေး အချက်အလက်များ၊ အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်အဖွဲ့အစည်း များကို ပြန်လည်မျှဝေ၍၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန်၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန် ဆောင်မှု လုပ်ငန်းများကိုအဟန့် အတားဖြစ်စေခြင်း၊ ပြည်သူ များ၏ ယုံကြည်မှု လျော့ကျ စေခြင်းတို့အပြင် နိုင်ငံ၏ အုပ် ချုပ်ရေး၊ စီးပွားရေးနှင့် လူမှု ယဉ်ကျေးမှုကြီးတစ်ခုလုံး ယို ယွင်းပျက်စီးစေနိုင်၍ မိမိက စပြီး အဂတိလိုက်စားမှုကိုငြင်း ဆိုရန်နှင့် အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်း သောအစိုးရနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးစနစ်တစ်ခု ကို အကောင်အထည်ဖော်တည် ဆောက်ရမှာ ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကို တိုက်ဖျက် ရာမှာ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုအားလုံးလက်တွဲ ညီညီလုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် မြင့်မားလာမှာ ဖြစ်ကြောင်းနှင့် လာရောက်ဟောပြော ဆွေးနွေး ပေးသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်နဲ့ ကော်မရှင်ရုံးအရာထမ်း၊ အမှုထမ်းများကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေက အမှာစကား ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဂတိ လိုက်စားမှု တိုက်ဖျက် ရေးနှင့် စပ်လျဉ်းသည့်ဆောင် ရွက်မှုများနှင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးထိန် လင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ရှင်းလင်းဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေး သမိုင်းကြောင်းနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖြစ်ပေါ်လာပုံ၊  အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ဥပဒေအကြောင်း သိ ကောင်းစရာများ၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ လုပ်ငန်းဆောင်ရွက်ချက် များ၊ အသိပညာပေးကဏ္ဍ၊ တား ဆီးကာကွယ်ရေးကဏ္ဍနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍများကို တာဝန်ရှိသူများက ဆွေးနွေး ပို့ချပေးကြပြီး၊ ပို့ချချက်များနှင့် စပ်လျဉ်း၍ ညနေပိုင်းတွင် ပြန် လည်သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့် ဝင်းဆွေ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များတက် ရောက်ကြသည်။

ဆက်လက်၍ နိုဝင်ဘာလ ၂၂ ရက်တွင် တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) က အဖွဲ့ဝင်များကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် မှ တာဝန်ရှိသူများက အဂတိ လိုက်စားမှု တားဆီးကာကွယ် ရေးဆိုင်ရာနည်းပညာသင်တန်း ပို့ချဆွေးနွေးခြင်းများ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ