နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား ငလျင်လှုပ်ခတ်မှု လူ ၅၆ ဦး သေဆုံး၊ လူ ၃၀၀ ခန့် ဒဏ်ရာရ

ဂျာကာတာ၊ နိုဝင်ဘာ ၂၂ 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ နိုဝင်ဘာ ၂၁ ရက်ကလှုပ်ခတ်သည့်မြေ ငလျင် ကြောင့် သေဆုံးသူ၅၆ ဦး ကျော် လာကာ လူ ၃၀၀ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များ ထံမှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင် ပြင်းအား ရစ်ချ်တာစကေး ၅ဒသမ ၆  အဆင့်ရှိ  ငလျင်လှုပ်ခတ်ခဲ့ကာ ဂျာကာ တာ အရှေ့တောင်ဘက်သည် ငလျင်၏  ဗဟိုချက်ဖြစ်ကြောင်း မိုးလေဝသအေဂျင်စီ၏ ပြောကြားချက် အရ  သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်နိုင်ချေမရှိကြောင်း မိုးလေဝ သအေဂျင်စီက ပြောကြားထားပြီးငလျင် လှုပ်ခတ်မှုကြောင့် အချို့သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အာဏာပိုင်များ သည် ငလျင်ကြောင့်ပျက်စီးသည့်အတိုင်း အတာကို စစ်ဆေးနေကြပြီးအမေရိကန် ဘူမိဗေဒစစ်တမ်းတွင်မူ ယခုငလျင် သည် ပြင်းအား ၅ ဒသမ ၄ ရစ်ချ်တာ စကေးရှိသည်ဟု ဖော်ပြထားသည်။

(ref : CNA)






အခြားဆက်စပ်သတင်းများ