နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ကြက်ဆင်လွှတ်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၂

အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ်ကျင်းပသည့် Thanksgiving ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် သမ္မတဂျိုးဘိုင်ဒင်က ကြက်ဆင်နှစ်ကောင် ကို နိုဝင်ဘာ ၂၁ ရက်တွင် ဘေးမဲ့ပေးလိုက်ကြောင်း သိရသည်။

အမေရိကန်တွင် နှစ်ပေါင်း ၇၅ နှစ်ကြာ အစဉ်အလာမပျက် ကျင်းပခဲ့သည့် ကြက်ဆင် လွှတ်ပွဲကို သမ္မတအဖြစ် တာဝန်ယူပြီး ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ် ကာပေါင် ၅၀ ခန့် အလေးချိန်ရှိသည့် Chocolate နှင့် Chip ဟု ခေါ်သည့်  ကြက်ဆင် နှစ်ကောင်ကို ဘေးမဲ့ပေးလိုက်ခြင်း ဖြစ်သည်။

ယခုနှစ် ဝါရှင်တန်ဒီစီတွင် အအေးဓာတ်များနေချိန် ရာချီသည့် ဧည့်သည်များ နှင့် အိမ်ဖြူတော် တောင်ဘက် မြက်ခင်းတွင် ကြက်ဆင်လွှတ်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဘေးမဲ့ပေးလိုက်သည့် ကြက်ဆင်ကြီး နှစ်ကောင်သည် ယင်းတို့ဇာတိ မြောက် ကယ်ရိုလိုင်းနား ပြည်နယ် တက္ကသိုလ် ပရဝုဏ်တွင် ရာသက်ပန် ဘေးမဲ့ နေထိုင်ခွင့် ရကြမည် ဖြစ်သည်။

အမေရိကန်တွင် ကြက်ဆင်များကို သမ္မတက ဘေးမဲ့ပေးသည့် အစဉ်အလာကို ၁၉၄၇ ခုနှစ် သမ္မတ Harry Truman က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 (ref: AFP)






အခြားဆက်စပ်သတင်းများ