နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် တကျော့ပြန်ကိုဗစ်ကြောင့် သေဆုံးသူများ ရှိလာ

ပေကျင်း၊ နိုဝင်ဘာ ၂၂

ကိုဗစ်ကူးစက်မှုများ တကျော့ပြန် ဖြစ်လာသည့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် နိုဝင်ဘာ ၂၀ နှင့် ၂၁ရက် က ကိုဗစ်ကြောင့် သေဆုံးသူသုံးဦး ရှိလာကြောင်း အစိုးရက  ထုတ်ပြန် သည်။ 

သေဆုံးသူများသည် သက်ကြီးရွယ် အိုများ ဖြစ်ကြပြီး  သုံးဦးလုံး သည် ရောဂါ အခံရှိသူ အသက် ၈၀ နှင့်၉၀ ကျော် အရွယ်များဖြစ်ကြောင်း၊ ကိုဗစ်ကင်း စင်ရေး zero-Covid မူချမှတ်ထား သည့် တရုတ်တွင်ဧပြီ နောက်ပိုင်း ကူးစက်မှုများပြန်လည်မြင့် တက်လာ ခြင်းကြောင့် လူအများကို အိမ်ပြင်မ ထွက်ရန်နှင့် အစုလိုက် ရောဂါစစ်ဆေး ခြင်း၊ သီးခြားခွဲထား ခြင်းများ ကို ဆက် လက်လုပ်ဆောင်နေ ကြောင်းသိရ သည်။

အစိုးရအနေဖြင့် ယခုလအတွင်း ကန့်သတ်ချက်များကို ဖြေလျှော့ပေး မည်ဟု ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ ကန့်သတ်ထိန်းချုပ် မှုများကို တင်းကြပ်ထား ဆဲဖြစ် သည်။

လက်ရှိတွင် ကိုဗစ် ကူးစက်သူ အသစ် ၉၀၀ ကျော်ရှိကာ မြို့တော် ပေကျင်းရှိ နေရာအများစုကို ကူးစက်နိုင် သည့် အန္တရာယ်မြင့် အဆင့်အထိသတ် မှတ်ထားပြီး ရက်အတော်ကြာ အိမ်ပြင် မထွက်ရန်နှင့် သီးခြားခွဲနေထိုင်ရန် တားမြစ်ထားကြောင်း သိရသည်။

အချို့နေရာများတွင် စီးပွါးရေးလုပ် ငန်းများကို ပိတ်ထားသကဲ့သို့ စာသင် ကျောင်းများကိုလည်း အွန်လိုင်းက တစ်ဆင့် ပြောင်းလဲ သင်ကြားရန်အမိန့် ထုတ်ထားကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ