နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသည်။ နိုဝင်ဘာ ၂၂ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများက တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၅၂ ဦးဖြင့် အမှတ် ၁ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း (မဟာဗန္ဓုလလမ်း နှင့်ကုန်သည်လမ်းအကြား)ရှိ လူသွားစင်္ကြံနှင့်လမ်းလယ်ကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ လူကူးခုံးတံတားပေါ်တစ်လျှောက်ရှိ အမှိုက်များလှည်းကျင်းသိမ်းဆည်းခြင်း၊ နံရံများပေါ်ရှိ                စည်းကမ်းမဲ့ကြော်ငြာပိုစတာများဖြုတ်သိမ်းခြင်း၊ အမှတ် ၃ ရပ်ကွက်၊ မဟာဗန္ဓုလလမ်း (ရွှေတိဂုံ ဘုရားလမ်းနှင့် ကုန်သည်လမ်းအကြား) လူသွားစင်္ကြံဖြတ်မြောင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများရှင်းလင်းခြင်း၊ ကတ်တုံးများချေးချွတ်ရေဆေးကြောခြင်း၊ အရိပ်ရပင်များ၏ အပင်အောက်တက် များရှင်းလင်းခြင်း၊ စည်းကမ်းမဲ့ကြော်ငြာများဖြုတ်သိမ်းရှင်းလင်းခြင်း၊ ကမ်းနားလမ်းတစ်လျှောက်ရှိ သစ်ပင်အောက်တက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှတ် ၇ ရပ်ကွက်၊ လမ်း ၃၀ (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအကြား) ရေမြောင်းရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ