နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာတွင် နိုဝင်ဘာ ၂၁ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၂ ဦးဖြင့် အမှတ် ၂ ရပ်ကွက်၊ ၅၄ လမ်း ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ အမှတ် ၂ ရပ်ကွက်၊  ၅၃ လမ်းတွင်  စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များ၊ သစ်ရွက်ကြွေများ၊ သဲ၊ ခဲများရှင်းလင်းသိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှတ် ၁၀ ရပ်ကွက်၊ ဗိုလ်တထောင် ဘုရားလမ်း၊ ဘုရားဖြူဘုန်းကြီးကျောင်း ခြံစည်းရိုးအုတ်နံရံကို ချေးချွတ်ရေဆေးခြင်းများ ဆောင်ရွက် ခဲ့ပြီး ထွက်ရှိလာသော အမှိုက်နှင့်မြောင်းချေးများကို ယာဉ်နှစ်စီးဖြင့် သယ်ယူစွန့်ပစ်ခြင်း၊ ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ mask တပ်ဆင်သွားလာကြရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ပုဇွန်တောင်စျေးတွင် Mask Campaign ပြုလုပ်ခြင်းတို့ဆောင်ရွက်ကြစဉ်။   

 ယဉ်မွန်






အခြားဆက်စပ်သတင်းများ