နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ရန်ကုန်   နိုဝင်ဘာ  ၂၂

အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ ဓာတ်အား ပြတ်တောက်မှုမရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ကျိုက်ထော်၊ လက်ခုပ်ကုန်း၊ ဆိပ်ကြီးခနောင်တို၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်များတွင် 33kV လှိုင်သာယာ - ကွမ်းခြံကုန်း ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာရုံးကွပ်ကဲမှု အောက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ ထုတ်နှုတ်စုဖွဲ့ဝန်ထမ်း အင်အား  ၅၆ ဦးတို့ဖြင့်  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ (အင်ဂျင်နီယာ) ဓာတ်အားဖြန့်ဖြူးရေးဌာန၊ တောင်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ(စီမံ)၊ တောင်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။

YESC






အခြားဆက်စပ်သတင်းများ