နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်၊ ဆီ၊ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

ရန်ကုန်   နိုဝင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင်      ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏  စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့က  ၅၀ ရပ်ကွက်၊ ပန်းသဇင်လမ်းနှင့်နံ့သာမြိုင် လမ်းထောင့်ရှိ သာသနာ့ ရောင်ခြည်ဓမ္မာရုံနှင့် ၅၁ ရပ်ကွက်၊ စက်မှုကြွေမြေလမ်းရှိ အုပ်ချုပ် ရေးမှူးရုံးဝင်းအတွင်း၌ ဆန်၊ ဆီ၊ ကြက်ဥများကို ပြည်သူများ အား ရောင်းချပေးကြသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀ ကျပ်ဖြင့်                  လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး တို့ကို ရပ်ကွက်တွင်းရှိ ပြည်သူများအား ရောင်းချပေးသည်။ 

အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

မြင့်မြင့်ရီ






အခြားဆက်စပ်သတင်းများ