နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနလုပ်ငန်းစွမ်း ဆောင် ရည်မြင့်တင်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနား ကိုရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထု အခြေပြုဗဟိုဌာန (ဗဟန်း)၊ ( Community Centre) ၌ ယနေ့နံနက် ၉ နာရီတွင် ဖွင့်လှစ်သည်။

အဆိုပါသင်တန်းသို့ ရန်ကုန် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူး၊သင်တန်းဆရာ၊ဆရာမများနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးဦးဆန်းဝင်းက အမှာစကားပြောကြားပြီး သင်တန်းကို  နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွား မည်ဖြစ် ရာ သင်တန်းသား၊ သင်တန်း သူ  စုစုပေါင်း ၁၉ ဦး တက်ရောက် သင်ကြားကြသည်။ 

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ