နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် ၂၉/၂၀၂၂ ကျင်းပ

ရန်ကုန်   နိုဝင်ဘာ   ၂၁

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ကော်မ တီဝင်နှင့်ဌာနမှူးများ၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ် စဉ် ၂၉/၂၀၂၂ ကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့တော် ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ ၄ ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့တက် ရောက်သည်။

အစည်းအဝေးတွင် မြို့တော် ဝန်က "မြို့တော်စည်ပင် အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်မ ပျက် ဆက်လက်ဆောင်ရွက်ရန်၊ ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များကို သန့်ရှင်းသာယာသပ်ရပ် ရေးအလေးထားဆောင်ရွက်ရန်၊ မြို့တော်သန့်ရှင်းသာယာသပ် ရပ်ရေးအတွက် ခြံဝင်း အဆောက်အဦများဝန်းကျင် မြက်ပင်ချုံနွယ်များ ရှင်းလင်း ရေး၊ အုတ်နံရံနှင့် ခြံစည်းရိုး များ သစ်လွင်‌စေရေး သက် ဆိုင်ရာဌာနများနှင့် အိမ်ပိုင်ရှင် များကို ထပ်မံ၍ အသိပေး နှိုးဆော်တွန်း အားပေး ဆောင် ရွက်သွားရန်" တို့ကို တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန် တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ