နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Season-2 ပြိုင်ပွဲဝင်များနှင့် မိသားစုများအမျိုးသားစာကြည့်တိုက် (ရန်ကုန်)သို့ သွားရောက်လေ့လာ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

 ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲ ကိုရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှစတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ် သောကြာ နေ့ ညတိုင်းကျင်းပလျက်ရှိသည်။

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် ၁၀ ဦးပေါ်ထွက်လာပြီးပွဲစဉ် ၁၂ ကို ပြဌာန်းတေးသီချင်းများ နှင့်စိတ်ကြိုက်တေးသီချင်းများကို သီဆိုယှဉ်ပြိုင်ကြပြီးဖြစ်သည်။

အဆိုပါ ဒုတိယအဆင့်(Level-2)တွင် ယှဉ်ပြိုင်ကြသည့်ပြိုင်ပွဲဝင် တက်သစ်စအနုပညာရှင်များ စိတ်လက်ပေါ့ပါးစွာအပန်းဖြေပျော် ရွှင်စေရန်နှင့် စိတ်ခွန်အားအသစ်များ ရရှိစေရန်အတွက် နိုဝင်ဘာ ၁၉ ရက်က ပြိုင်ပွဲဝင်များနှင့် မိသားစုများသည် ရန်ကုန်တိုင်းဒေသ ကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၆၀၄/၆၀၈၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့သွားရောက်လေ့လာကြရာ၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) မှတာဝန်ရှိသူများက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်၊ မျော်မှန်းချက်၊ နောက်ခံသမိုင်းများကိုလည်းကောင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော၊ ရည်ညွှန်း ဝန်ဆောင်မှုများ စာဖတ်ခန်းဝန်ဆောင်မှုများ၊ စာငှားဝန်ဆောင် မှုများ၊ Multimedia Room Service၊ Digital Library Room Service၊ မူပိုင်ခွင့်ဥပဒေပါပြဌာန်းချက်များနှင့်အညီ မိတ္တူကူးခြင်း၊ ဒီဂျစ်တယ်ပုံစံပြောင်းခြင်း ဝန်ဆောင်မှုများ၊ Audio Video Room Service၊ မသန်စွမ်းသူများအတွက် စာဖတ်ခန်းဝန်ဆောင်မှုနှင့် ကလေးစာကြည့်တိုက်အကြောင်းတို့ကို အသေးစိတ်ရှင်းပြကြရာ လာရောက်ကြည့်ရှု့ လေ့လာကြသူများအနေဖြင့် အသိပညာဗဟုသုတ များစွာရရှိကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်များနှင့် မိသားစုများသည်၊ နံနက်ပိုင်းတွင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်နှင့် မဟာဗန္ဓုလပန်းခြံအတွင်းသို့သွားရောက်ဖူးမြော်ကြည်ညို အပန်းဖြေကြသည်။

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ