နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာဆိုတော်နေ့အထိမ်းအမှတ် အလင်္ကာကျော်စွာ စည်သူတက္ကသိုလ်မြတ်သူစာစုနှင့် ပြခန်းဖွင့်လှစ်မည်

မန္တလေး၊ နိုဝင်ဘာ ၂၁

အမျိုးသားစာပေဆု၊ တစ်သက်တာ စာပေဆုရရှိသည့် စာရေးဆရာ၊ သတင်း စာဆရာကြီး အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူစာစုနှင့် ပြခန်းကို စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည် တော်)တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

အလင်္ကာကျော်စွာ စည်သူတက္က သိုလ် မြတ်သူစာစုနှင့် ပြခန်းတွင် ၁၉၅၇ ခုနှစ် ဇွန်လမှစတင်၍ ပြည်တော်စိုး သတင်းစာတွင် ဝင်ရောက်ကာသတင်း ထောက်အဖြစ် စတင်လုပ်ကိုင်စဉ် ရေးသားခဲ့သော သတင်းဆောင်းပါး များ၊ ခေတ်သစ်၊ အိုးဝေ၊ အမျိုးသား၊ ဗိုလ်တထောင်၊ ဟံသာဝတီ၊ မြန်မာ့ အလင်း၊ ကြေးမုံသတင်းစာတိုက်များ တွင် သတင်းထောက်၊ အယ်ဒီတာ၊ ဒုတိယအယ်ဒီတာချုပ်၊ အယ်ဒီတာချုပ် လုပ်ကိုင်ခဲ့စဉ် ရေးသားခဲ့သော သတင်း ဆောင်းပါးများ၊ အငြိမ်းစားယူပြီး နောက် သွေးသောက်၊ မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စုံထောက်၊ ပဒေသာ၊ နဝဒေး မဂ္ဂဇင်းများတွင် ကဗျာပုဒ်ရေ ၃၀ဝ နှင့် စာအုပ်များ၊ ၎င်းရေးသားခဲ့ပြီး ဖော်ပြပါရှိသော သတင်းစာ၊ မဂ္ဂဇင်း၊ ကဗျာ၊ ဝတ္တု၊ သုတ၊ ရသစာစုများ၊ သတင်းစာပေါင်းချုပ်များ၊ သတင်းစာ ပညာလေ့လာရေး သွားရောက်ခဲ့သည့် နိုင်ငံများမှပေးအပ်သော အမှတ်တရ တံဆိပ်၊ ပစ္စည်းများကို အမျိုးသား စာကြည့်တိုက် (နေပြည်တော်)သို့ လှူ ဒါန်းခဲ့ပြီး မျိုးဆက်သစ်စာရေးဆရာ၊ သတင်းစာဆရာများ သိရှိစေရန် ပြသ ထားသည်။

စာရေးဆရာ၊ သတင်းစာဆရာကြီး တက္ကသိုလ်မြတ်သူသည် အသက် ၉၂ နှစ်ရှိပြီး စာရေးသက် ၇၇ နှစ်ရှိကာ ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု၊ ၁၉၉၇ ခုနှစ်တွင် တိုင်းကျိုးပြည်ပြု ဆောင်းပါးရှင်ဆု၊ ၂၀ဝ၇ခုနှစ်တွင်လူမှု ထူးချွန်(ဒုတိယအဆင့်)၊ ၂၀၁၂ခုနှစ်တွင် စည်သူဘွဲ့၊ ၂၀၁၈ခုနှစ်တွင် ပခုက္ကူဦး အုန်းဖေတစ်သက်တာ စာပေဆု၊ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ် သက် တာဆု၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာ ကျော်စွာဘွဲ့များ ချီးမြှင့်ခံရသည်။  

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ