နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများကတွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၈ ဦးဖြင့် ​ကန်ရိပ်သာလမ်း၊ တိရိစ္ဆာန်ဥယျာဉ်ဘက်ခြမ်းရှိ အပင်များဝိတ်လျှော့ခုတ်ထွင်ရှင်းလင်းပုံသွင်းခြင်း၊ အထက်ပန်းဆိုးတန်းလမ်း၊ လမ်းလယ်ကျွန်းတွင် ယာဉ်သွားလာမှုအနှောင့်အယှက်ဖြစ်စေသည့် ထန်းလက်ကိုင်းများရှင်းလင်းခြင်း၊ စက်ရုံလမ်း၊ ဗိုလ်မင်းရောင်လမ်း၊ ဒေါ်သိန်းတင်လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ဗညားဒလလမ်းတို့တွင် ခွင့်ပြုချက်မဲ့ကြော်ငြာများဖြုတ်သိမ်းခြင်း၊ ယာဉ်ရပ်နားရန်‌ နေရာဦးထားမှုများကို ဖယ်ရှားရှင်းလင်းခြင်းများဆောင်ရွက်ကြစဉ်။                                                                                     ယဉ်မွန်






အခြားဆက်စပ်သတင်းများ