နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်စီးတီးတက္ကစီအသင်း အတည်ပြုဖွဲ့စည်းတည်ထောင်ရန် အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ပြုလုပ်မည်

ရန်ကုန်   နိုဝင်ဘာ  ၂၁

ရန်ကုန်မြို့တွင် ယာယီဖွဲ့စည်းတည်ထောင်ထားသော ရန်ကုန် စီးတီးတက္ကစီအသင်းအား တရားဝင်အတည်ပြုဖွဲ့စည်းတည်ထောင် ရန် အလုပ်အမှုဆောင်ရွေးချယ်ပွဲကို လာမည့်ဒီဇင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော စီးတီးတက္ကစီယာဉ်များကို ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်အောင် ထိန်းသိမ်းနိုင်စေရန်၊ ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်းများကို ပိုမို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် စီးတီးတက္ကစီယာဉ် များကို စနစ်တကျစီမံခန့်ခွဲနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)ကို ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ  ၁၂ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

"အခု ယာယီဖွဲ့စည်းထားတဲ့ ရန်ကုန်စီးတီးတက္ကစီအသင်းကို တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် အတည်ပြုဖွဲ့စည်းတည်ထောင် ဖို့အတွက် အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ပြုလုပ်သွားမှာဖြစ် တာကြောင့် စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအနေနဲ့ လာရောက် ဆန္ဒမဲပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

စီးတီးတက္ကစီပိုင်ရှင်များအနေဖြင့် ရန်ကုန်စီးတီးတက္ကစီအသင်း တွင် လာရောက်မှတ်ပုံတင်ကာ အသင်းဝင်အဖြစ်လျှောက်ထား နိုင်ပြီး ယခုအတည်ပြုဖွဲ့စည်းမည့် ရန်ကုန်စီးတီးတက္ကစီအသင်းတွင် လည်း အလုပ်အမှုဆောင်အဖြစ် ဝင်ရောက်အရွေးချယ်ခံနိုင်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်စီးတီးတက္ကစီအသင်းအား တရားဝင်အတည်ပြု ဖွဲ့စည်းတည်ထောင်ရန်အတွက် အလုပ်အမှုဆောင်ရွေးချယ်ပွဲကို လာမည့်ဒီဇင်ဘာ ၃ ရက်၊ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)ရုံးတည်ရှိရာ အမှတ် ၂၆၊ ပင်လုံလမ်း၊ ၂၉ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ရန်ကုန် မြို့တွင်ပြုလုပ်သွားမည်ဖြစ်သည်။        

   (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ