နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်

လိပ်သို   နိုဝင်ဘာ   ၂၁

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ဝန်ထမ်း များ စာဖတ်ရှိန် မြင့်တက်လာ စေရန်နှင့် ဌာနလုပ်ငန်းများ အတွက် အထောက်အကူပြုစေ ရန်အတွက် နိုဝင်ဘာ ၂၁ ရက်၊ မွန်းတည့် ၁၂ နာရီက ဝန်ထမ်း စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ် နွယ်ခိုင်မှ ပြည်ထောင်စုရာထူး ဝန်အဖွဲ့က ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အခန်း ၁၉ ဝန်ထမ်းစည်းကမ်း ဆိုင်ရာ ပြစ်ဒဏ်များကိုလည်း ကောင်း၊ ဝန်ထမ်းများက ဝန်ထမ်း စည်းကမ်းဆိုင်ရာ ပြစ်ဒဏ် ကိုးမျိုးနှင့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခွင့် သတ်မှတ် ချက် အကြောင်းအရာများကို ဖတ်ကြားသည်။

ဆက်လက်ပြီး ဝန်ထမ်းများ က ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များနှင့် ပတ်သက်၍ မရှင်းလင်းသည့် အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)






အခြားဆက်စပ်သတင်းများ