နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်   နိုဝင်ဘာ   ၂၁

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရန်ကုန်မြို့ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ၊ ရန်ကုန်မြို့ ကန်တော်ကြီးသဘာဝ ဥယျာဉ်၊ မဟာမြိုင်ကျွန်း၊ ဆင်ဖြူ တော်ရုပ်တုများအနီးတွင် ပြုလုပ် သွားမည်ဖြစ်သည်။

ထိုပြပွဲ ပြိုင်ပွဲတွင် ပြည်သူ များအား ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံနှင့် ပန်းမန်များ အမျိုးအစားစုံလင်စွာ ခင်းကျင်း ပြသနိုင်ရေးနှင့် စိုက်ပျိုးရေး ပညာပေး အစီအစဉ်များ ထည့် သွင်း ဆောင်ရွက်နိုင်ရေးတို့ အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များ တွင် ပြပွဲပြိုင်ပွဲများကိုယာယီ ရပ်နားထားခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီတွင် ပြန်လည်ပြုလုပ် ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။ 

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ