နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၄ ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ မြန်မာလှေလှော်အသင်း ငွေငါးခုရရှိ

ရန်ကုန်   နိုဝင်ဘာ   ၂၁

ထိုင်းနိုင်ငံ ပတ္တရားမြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက် အထိ ကျင်းပနေသည့် ၁၄ ကြိမ်မြောက် အာရှနဂါးလှေလှော် ချန်ပီယံရှစ် (14th ASIAN Dragon Boat Championship) ပြိုင်ပွဲဗိုလ်လုပွဲများကို နိုဝင်ဘာ ၁၉ ရက်၊ ၂၀ ရက်တွင် ကျင်းပ ခဲ့ရာ မြန်မာလှေလှော် အား ကစားအသင်း ငွေငါးခုဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲ ပြိုင်ပွဲများ၌ မီတာ ၁၀၀၀ အမျိုးသား ၂၂ ယောက် တက်လှော်တွင် ပထမ တရုတ်၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းနိုင်ငံက လည်းကောင်း၊ မီတာ ၁၀၀၀ အမျိုးသား+ အမျိုးသမီး ၂၂ ယောက် တက် လှော်တွင် ပထမ အင်ဒိုနီးရှား၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်း တို့ကလည်းကောင်း၊ မီတာ ၁၀၀၀ အမျိုးသမီး ၁၂ ယောက် တက်လှော်တွင် ပထမ တရုတ်၊ ဒုတိယ မြန်မာ၊ တတိယထိုင်း ကလည်းကောင်း၊ မီတာ ၁၀၀၀ အမျိုးသား+အမျိုးသမီး ၁၂ ယောက်တက်လှော်တွင် ပထမ အင်ဒိုနီးရှား၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းကလည်းကောင်း၊ မီတာ ၅၀၀ အမျိုးသား+ အမျိုးသမီး ၁၂ ယောက် တက် လှော်တွင် ပထမ အင်ဒိုနီးရှား၊ ဒုတိယ မြန်မာ၊ တတိယဟောင် ကောင်တို့ ဆွတ်ခူးရရှိသွားသည်။

အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင် ထိုင်းအသင်း၊ ဩစတျေးလျ အသင်း၊ ကမ္ဘောဒီးယားအသင်း၊ တိုင်ပေအသင်း၊ ဟောင်ကောင် အသင်း၊ တရုတ်အသင်း၊ အိန္ဒိယ အသင်း၊ အင်ဒိုနီးရှားအသင်း၊ မလေးရှားအသင်း၊ မြန်မာအသင်း၊ နီပေါအသင်း၊ စင်ကာပူအသင်း တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

မြန်မာအသင်းသည် နိုဝင် ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် ထိုင်းရိုးရာလှေလှော် (Thailand Traditional Boat and International Swan Boat Race 2022) ပြိုင်ပွဲသို့ ဆက်လက်ပါဝင် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ