နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး ရွှေစင်၊ ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်   နိုဝင်ဘာ   ၂၁

ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆူးလေစေတီတော် မြတ်ကြီးအား ရွှေစင်၊ ရွှေပြား၊ မျက်ပါး ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ မွန်းလွဲ ၂ နာရီက ဆူးလေ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျက်သရေဆောင်ခန်းမ၌ ပြု လုပ်ရာ ရွှေထီးတော်၊ ကိုယ်လုံး တော်နှင့် အရံစေတီတော်များ အား ရွှေစင်၊ ရွှေပြား၊ မျက်ပါး ရွှေသင်္ကန်းတော်များ ကပ်လှူ ပူဇော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးဇော်ဦး၊ ဦးဥက္ကာနှင့် ဂေါပကအဖွဲ့ဝင် များ၊ လုပ်ငန်းကော်မတီအလိုက် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များစုံညီ စွာ တက်ရောက်ကြသည်။

အစီအစဉ်အရ ရွှေထီးတော်၊ ကိုယ် လုံးတော်နှင့် အရံစေတီတော် များအား ရွှေစင်၊ ရွှေပြား၊ မျက်ပါး ရွှေသင်္ကန်းတော်များ ကပ်လှူ ပူဇော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးညွန့်ဖေက အဖွင့် အမှာစကား ပြောကြားရာတွင်  "ဆံတော်ရှင် ဆူးလေစေတီတော် မြတ်ကြီးသည် ၁၁ ကြိမ်မြောက် အဖြစ် ထီးတော်နှင့် လုံတော် ပြည့် ရွှေစင်၊ ရွှေပြား၊ မျက်ပါး  ရွှေသင်္ကန်းတော်များ ကပ်လှူ ပူဇော်ပြီး ဘက်စုံလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ ယခုအခါ စေတီတော်ကြီးသည် ရာသီဥတု ဒဏ်ကြောင့် လည်းကောင်း၊ ရန်ကုန်မြစ်နှင့် အနီးကပ်ဖြစ်၍ လေနှင့်ပါလာသည့် ရေငံအငွေ့ များ တိုက်စားမှုကြောင့်လည်း ကောင်း၊ လမ်းဆုံ၊ လမ်းခွတွင် တည်ရှိသောကြောင့် နေ့စဉ် မော်တော်ယာဉ်များ ထောင် ပေါင်းများစွာ သွားလာကြသည့် လေထုပွတ်တိုက်မှု ဒဏ်တို့ ကြောင့် လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေ ၂ ရက် နာဂစ်မုန်တိုင်း ဒဏ်ကြောင့်လည်းကောင်း၊ စေတီ ကိုယ်လုံးတော်နှင့် အရံစေတီ များမှာ မျက်ပါးရွှေများ ကွာကျ ခြင်း၊ လွင့်စင်ခြင်း၊ သရိုးကွာကျ ခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်း ကြောင့် စေတီတော်၏ ဩဝါဒါ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူကြပြီး ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်းတော်များ ကပ်လှူခြင်း၊ ကပ်လှူပြီးသော ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်းများ မှ ပျက်စီးမှုများကို ဖြည့်စွက် ကပ်လှူခြင်း၊ အသစ်ကပ်လှူ ခြင်းနှင့် လုံးတော်ပြည့် မျက်ပါး ရွှေသင်္ကန်းတော်များ ဆက်ကပ် လှူဒါန်းပြီးလျှင် အရံစေတီတော် များကိုလည်း ဆက်လက်ပြုပြင် မွမ်းမံသွားမည်ဖြစ်သည့် အတွက် ကြောင့် မိမိတို့ လုပ်ငန်းဆပ် ကော်မတီဝင်များအနေဖြင့် လုပ်အား စေတနာ ထက်သန်စွာဖြင့်ဝိုင်းဝန်း ကူညီ ဆောင်ရွက်သွားကြစေလို ကြောင်း" ပြောကြားသည်။

ထို့နောက် ရွှေစင်၊ ရွှေပြား၊ မျက်ပါး ရွှေသင်္ကန်းတော်များ ကပ်လှူရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မျက်ပါးရွှေဝယ်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာ ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ငြမ်းဆင်ခြင်း လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံ ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စာရင်းစစ်ဆေးရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌတို့က မိမိတို့ လုပ်ငန်းကော်မတီအလိုက် ဆောင် ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြပြီး နောက် ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော် မတီဝင်များက လုံးတော်ပြည့် ရွှေစင်၊ ရွှေပြား၊ မျက်ပါးရွှေသင်္ကန်း တော်များ ကပ်လှူပူဇော်နိုင်ရေး အတွက် အကြံပြုဝိုင်းဝန်းတင်ပြ ဆွေးနွေးကြပြီးနောက် ရွှေထီး တော်၊ ကိုယ်လုံးတော်နှင့် အရံ စေတီတော်များအား ရွှေစင်၊ ရွှေပြား၊ မျက်ပါးရွှေသင်္ကန်း တော်များ ကပ်လှူပူဇော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေက လိုအပ်သည်များ ကို သက်ဆိုင်ရာ လုပ်ငန်းကော် မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး အခမ်း အနားကို "ဗုဒ္ဓသာသနံ စိရံဒိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။   

 မိုးဝေ






အခြားဆက်စပ်သတင်းများ