နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်သမဝါယမ အသင်းစုလီမိတက် ၂၀၂၀-၂၀‌၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး‌နှစ် မီနီဘတ်ဂျက်နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ နယ်တွင် မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို မြို့နယ်သမဝါယမဦးစီးဌာန ရုံး၌ နိုဝင်ဘာ ၁၉ ရက် နံနက်၁၀ နာရီ တွင် ကျင်းပသည်။ 

အခမ်းအနားတွင် သဘာပတိ၊ မြို့နယ် သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမ ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ်စီအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်တို့က အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် အတွက် ဘဏ္ဍာရေး အစီရင်ခံစာကို မြို့နယ်သမဝါယမ အသင်းစုအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဆွေ၊ အသင်းစာရင်း စစ်အစီရင်ခံစာကို၊ မြိုနယ်သမဝါယမ အသင်းစု၊ စာရင်းစစ်အဖွဲ့ ဝင်ဦးစိန်ညွန့် တို့က ဖတ်ကြားတင်ပြသည်။ ထို့နောက် ဒါရိုက်တာ အဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာ ရေး ရှင်းတမ်း၊ အသင်းသားစာရင်းစစ် ၏ အစီရင်ခံစာများကို အခြေခံသမဝါ ယမ အသင်းကိုယ်စားလှယ်များထံက သဘောထားရယူ အတည်ပြုပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။ 

အခမ်းအနားသို့   ရန်ကုန်တိုင်းဒေသ ကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသ ကြီး ဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်း အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေ ခံသမဝါယမအသင်းများမှ အသင်းစု ကိုယ်စားလှယ် ၅၈ ဦးတက် ရောက်ခဲ့ ကြောင်း သိရသည်။     

        ကျော်ဆန်း






အခြားဆက်စပ်သတင်းများ