နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ၊ ၁၆၈ ရပ်ကွက်၊ မူလွန် အ.မ.က ၁၇ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ၊ ၁၆၈ ရပ်ကွက်၊ မူလွန် အ.မ.က ၁၇ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့ ဦးစီး စည်ပင်သာယာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၁၂၆ ဦးဖြင့် ကျောင်းဝင်းရှိ ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမြင် မတင့်တယ်သော အမှိုက်များရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ် ခြင်း၊ ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်းများပြုလုပ်ကာ ကျောင်းဝင်းအတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက် များအား ယာဉ်နှစ်စီးဖြင့် သယ်ယူစွန့်ပစ်ခြင်းများ စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြစဉ်။      

  မလတ်






အခြားဆက်စပ်သတင်းများ