နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီထွက်သီးနှံ (နေကြာ) ကွင်းလက်တွေ့ စိုက်ပျိုးပြသပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀၂၂ ခုနှစ်၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ကွင်းလက်တွေ့စိုက်ပျိုးပြသပွဲကို နိုဝင်ဘာ ၁၈ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဓနဲရိကျေးရွာရှိ တောင်သူ ဦးမြင့်ဝေ၏ ကွင်းအမှတ် ၂၄၈ ၊ ကြာအင်းကွင်း၊ လယ် နှစ်ဧကတွင် ကျင်းပသည်။

ဆီထွက်သီးနှံ (နေကြာ) လက်တွေ့စိုက်ပျိုးပြသရာတွင်လည်း           မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက နေကြာမျိုးစေ့များကို လက်တွေ့စိုက်ပျိုးခဲ့ကြကြောင်းလည်း သိရ သည်။

ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ထန်းတပင်မြို့နယ် အတွင်း ဆီထွက်သီးနှံ (နေကြာ) ကို စိုက်ပျိုးခြင်းဖြစ်ပြီး ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးနိုင်ရေးအတွက်လည်း မြို့နယ်အတွင်းရှိ တောင်သူ များအား အသိပညာပေးလုပ်ငန်းများဖြစ်သည့် နေကြာသီးနှံစိုက်ပျိုး ရေး နည်းစနစ်များအကြောင်း ရှင်းလင်းခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ ပေးအပ်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်






အခြားဆက်စပ်သတင်းများ