နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် ဆိပ်ခံဗောတံတား တစ်စင်း တည်ဆောက်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ ကုန်းလမ်းအပြင် ရေလမ်းဖြင့်ပါ လာရောက် လေ့လာအပန်းဖြေနိုင်ရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်မြင့်မား လာစေရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာဝန်းအတွင်း ဆိပ်ခံဗောတံတား တည်ဆောက်လျက်ရှိရာ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ဆိပ်ခံဗောတံတား၏ ချဉ်းကပ်ကွန်ကရစ်တံတားအရှည်မှာ ၉၆ ပေ၊ အကျယ် ၁၂ ပေ ရှိသည်။ ဆိပ်ခံဗောတံတားတွင် တပ်ဆင်မည့် Steel Truss Bridge 80 ft ကိုလည်း တင်ဒါအောင်မြင်သည့် Regal Strenght Co.ltd က ဒီဇိုင်းရေးဆွဲပြီး သံမဏိစက်ရုံတွင် လုပ်‌ဆောင် နေပြီ ဖြစ်သည်။

"ယခုလက်ရှိ ချဉ်းကပ်ပိုင် ၂၂ လုံး စိုက်ပြီးပါပြီ။ အဓိကတော့ ရေထဲမှာ လုပ်ရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပိုင်ရိုက်တဲ့လုပ်ငန်းတွေပြီးရင် အပေါ်လုပ်ငန်းတွေကတော့ မြန်သွားမှာဖြစ်ပါတယ်။ ဒီမှာ သုံးမယ့် ပွန်တွန်းကိုလည်း ဒဂုံသင်္ဘောကျင်းမှာ လုပ်ဆောင်နေပါတယ်။ သန်လျင်ဘက်ခြမ်း Star City မှာ ဆိပ်ခံဗောတံတားရှိတယ်။ အဲဒီကနေ ပန်းဆိုးတန်းဆိပ်ကမ်းကို နေ့စဉ် Water Ferry ပြေးဆွဲနေတယ်။ အဲဒီကနေပြီးတော့ ဒီဘက်တိုင်းရင်းသားကျေးရွာဆိပ်ခံ တံတားကို လည်း လာလို့ရတယ်ဆိုတဲ့အကြောင်းကို ဆက်ပြီး ချိတ်ဆက် ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက် သန်လျင်ဘက်ခြမ်းက ပဲခူးမြစ် ဘေးမှာရှိတဲ့ ရွာတွေကလည်း တိုင်းရင်းသားကျေးရွာကို ရေလမ်းဘေး ကနေ လာရောက်နိုင်မှာဖြစ်ပါတယ်။ ဒီ ဆိပ်ခံဗောတံတား ပြီးသွားရင် တော့ တိုင်းရင်းသားကျေးရွာကို ကုန်းလမ်းအပြင် ရေလမ်းကပါ လာရောက်နိုင်တဲ့အတွက် လေ့လာအပန်းဖြေသူတွေအနေနဲ့ ပိုမို အဆင်ပြေမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။

အဆိုပါဆိပ်ခံဗောတံတားကို ယခုနှစ် ဩဂုတ်လက စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိသည်။ ဆိပ်ခံဗောတံတားကို နိုင်ငံတော်မှ ကျပ် ၄၅၁ ဒသမ ၇၆၅ သန်းအကုန်အကျခံကာ တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။                                နန္ဒာဆွေ(မြို့တော်)






အခြားဆက်စပ်သတင်းများ