နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၀၄ ကြိမ်မြောက် စတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ  စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ၏ ဩဝါဒါစရိယဆရာတော်ကြီး များ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီး များ၊ စာထောက်စာမ ဆရာ တော်များ၊ နိဗဒ္ဓသံဃာတော်များ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စာဖြေသံဃာတော် များ ကြွရောက်တော်မူကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုး ဆောင်အဖွဲ့ဝင်များနှင့် ဝန်ထမ်း များ တက်ရောက်ကြည်ညိုကြ သည်။

အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ၊ ပါဋ္ဌိတက္ကသိုလ် ‌ညောင်တုန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသ ထံမှ ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက စာလျှောက်မေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ အဖွင့် မင်္ဂလာစကား ဖတ်ကြားလျှောက် ထားသည်။

ထို့နောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက် မေးပွဲဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာ စရိယ (ဝဋံသကာ) ပါဋ္ဌိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်)ထံမှ စာလျှောက် မေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒါခံယူကြသည်။

ယင်းနောက် စေတိယင်္ဂဏ စာလျှောက်မေးပွဲတွင် စာထောက် စာမ ဆောင်ရွက်ကြမည့် ဆရာ တော်များအား အာဂုံကြီးကြပ် ပလ္လင်သို့ ပင့်ဆောင်ပြီးနောက် သီးခြားစာသင်တန်းဖြေဆိုမည့် သံဃာတော်များက အလှည့်ကျ အာဂုံပြန်ဆိုတော်မူကြသည်။

၁၀၄ ကြိမ်မြောက် စေတိ ယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ ပရိယတ္တိစာလျှောက်မေးပွဲကို နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီးခြားစာချတန်း ၃၀ ပါး၊ သီးခြား စာသင်တန်း ၁၈၉ ပါး၊ စုစုပေါင်း ၂၁၉ ပါးတို့ ဝင်ရောက်ဖြေဆိုတော် မူကြမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ