နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အ.မ.က ၁၉ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အ.မ.က ၁၉ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးတို့ ဦးစီး စည်ပင်သာယာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၁၀၈ ဦးဖြင့် ကျောင်းဝင်း အတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမြင်မတင့်တယ်သော အမှိုက်များ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်းများပြုလုပ်ကာ ကျောင်းဝင်း အတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းများ စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြစဉ်။

မလတ်






အခြားဆက်စပ်သတင်းများ