နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက အမှတ် ၈ ရပ်ကွက်၊ လမ်း ၃၀၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းအကြား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၉၀ ဦးဖြင့် လမ်းတစ်လျှောက် အမှိုက်၊ သဲ၊ ခဲများ သိမ်းဆည်းရှင်းလင်းခြင်း၊ လမ်းရေမြောင်းများအတွင်း အမှိုက်၊ မြောင်းချေး၊ နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ အမြင် မတင့်တယ်သည့် စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်း၊ လူသွားစင်္ကြံကတ်တုံးများရှိ ရေညှိ၊ ချေးများ တိုက်ချွတ်ဆေးကြော ရေဆေးခြင်း၊ အဆောက်အဦ တွယ်ကပ်ပင်များရှင်းလင်းခြင်း ဆောင်ရွက်ပြီး လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ ဝေငှ၍ Mask Campaign ဆောင်ရွက်ကာ စည်ပင်သာယာဝန်ထမ်းအင်အား ၁၂ ဦးဖြင့် အမှတ် ၁၀ ရပ်ကွက်နှင့် ၁၁ ရပ်ကွက်အကြား အနော်ရထာ လမ်း၊ ဆူးလေဘုရားလမ်းနှင့် လမ်း ၃၀ အကြား သစ်ပင်များ ခုတ်ထွင်ရှင်းလင်း ပုံသွင်းဖြတ်ညှိ အလင်းဖွင့်ခြင်း၊ လျှပ်စစ်ဓာတ်အားကြိုး များနှင့် မလွတ်ကင်းသည့် အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ကြစဉ်။                     

သွင်မောင်‌မောင်






အခြားဆက်စပ်သတင်းများ