နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှော်ဘီမြို့နယ် အခြေခံပညာကျောင်းများ၌ Judo In School ဘာသာရပ်တွဲ သင်ကြားဖွင့်လှစ်

ရန်ကုန် နိုဝင်ဘာ ၂၀

ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ ကျောင်းနေအရွယ် လူငယ်မောင်မယ်များ ကျန်းမာ ကြံ့ခိုင်စေရေး၊ ပညာရည်မြင့်မား ရေးနှင့် အသိပညာ အတတ်ပညာ များ တိုးပွားလာစေရန် မြန်မာ နိုင်ငံ ဂျူဒိုအဖွဲ့ချုပ်က မှော်ဘီ မြို့နယ်၊ တပ်မြို့စည်ပင်သာယာ ရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ် များအား Judo In School ဘာသာရပ်များကို လက်တွေ့ သင်ကြားပို့ချနေသည့် စံပါယ်ခြံ မူလတန်းလွန်နှင့် အင်းတိုင် ကျေးရွာ မူလတန်းကျောင်းတို့ ကို နိုဝင်ဘာ ၁၇ ရက်က မြန်မာ နိုင်ငံ ဂျူဒိုအဖွဲ့ချုပ် အလုပ်အမှု ဆောင်များ သွားရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ Judo in School ဘာသာရပ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အခြေခံ ပညာ မူလတန်းမှ အထက်တန်း အထိ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကို ကိုယ်ကာယ ကျန်းမာကြံ့ခိုင် မှုရှိစေပြီး ပညာသင်ယူရာတွင် စိတ်ပျော်ရွှင်စွာ သင်ကြားနိုင် ရန်၊ တစ်ဦးနှင့်တစ်ဦး ခင်မင် ရင်းနှီးမှုများရရှိပြီး အပြန်အလှန် လေးစားမှုနှင့် လိုက်နာမှုအလေ့ အကျင့်ကောင်းများကို ဖော် ထုတ်ပေးနိုင်ကာ တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်မည့်အပြင် နိုင်ငံ တကာရှိ ဂျူဒိုအဖွဲ့ချုပ်များ၏ ခေတ်စနစ်နှင့်အညီ ပြောင်းလဲ နေသော ဂျူဒိုအားကစားနည်း စနစ်များကိုလည်း အွန်လိုင်းမှ တစ်ဆင့် လေ့လာသင်ယူနိုင်ရန် ဟန်ဂေရီနိုင်ငံ ဘူတာဘတ်မြို့ရှိ နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ် (IJF)  နှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း အဖွဲ့ချုပ်အတွင်းရေး မှူးက ပြောသည်။

Judo in School ဘာသာ ရပ်များကို အခြေခံပညာရေး ကျောင်းများ၌ သင်ကြားနိုင်ရန် ဟန်ဂေရီနိုင်ငံရှိ နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်က ဂျူဒိုဘာသာ ရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်း များကို ထောက်ပံ့ပေးအပ်မည် ဖြစ်ပြီး ပြိုင်ပွဲများကိုလည်း အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ကို ကျင်းပပေးနိုင်ရန် မြန်မာ နိုင်ငံ ဂျူဒိုအဖွဲ့ချုပ်က စီစဉ် လျက်ရှိကြောင်း အဖွဲ့ချုပ်အတွင်း ရေးမှူးက ဖြည့်စွက်ပြောကြား သည်။

ပညာရေးဝန်ကြီးဌာန ခွင့်ပြု ချက်ဖြင့် မြန်မာနိုင်ငံတွင် (IJF)  ထောက်ပံ့မှု အစီအစဉ်ဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်မည့် Judo in School ဘာသာရပ်ကို သင်ကြားမည့် ကျောင်းများမှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် အ-ထ-က ၂ တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦး၊ မှော်ဘီ လေထီးကျောင်း အ-လ-က ၂ တွင် ၂၁၁ ဦး၊ စံပါယ်ခြံ မူလွန်ကျောင်းတွင် ၁၅၄ ဦးတို့ကို သင်ကြားပေး လျက်ရှိပြီး၊ လှည်းကူးမြို့နယ် အ-ထ-က ရဲမွန်တပ်မြို့ အ-ထ- က ကျောင်းခွဲ လှည်းကူးနှင့် ဖောင်ကြီး အ-ထ-က တို့တွင် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ-စောရွှေဂွန်း






အခြားဆက်စပ်သတင်းများ