နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းများကောင်းမွန်ရေးလုပ်ငန်းဆောင်ရွက်မှုများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့ နံနက် ပိုင်းက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန (လမ်းနှင့် တံတား) က ဆောင်ရွက်လျက်ရှိသည့် တွံတေးမြို့နယ်၊ ကွင်းပေါက် ကျေးရွာမှ ခရမ်းဝကျေးရွာအထိ ကုန်ထုတ်လမ်းမကြီးကို ကွန် ကရစ်လမ်း ခင်းကျင်းနေမှု၊ ကွင်းပေါက်-ခရမ်းဝ ကားလမ်း ဘေး ကွန်ကရစ်ဖျော်စက် တည် ဆောက်ထားရှိမှု၊ ဒလမြို့နယ်၊ ဆိပ်ကြီးတံတားမှ မြဝတီမင်းကြီး လမ်းအထိ ဒလ-တွံတေး ကား လမ်းမ လမ်းဘေးဝဲ/ယာ ကွန် ကရစ် လမ်းသားတိုးချဲ့ခင်းကျင်း နေမှု၊ ဒလ-တွံတေးလမ်းနှင့် ဗိုလ်တေဇ လမ်းထောင့်အနီး သန့်ရှင်းသာယာရေး လုပ်ငန်း များဆောင်ရွက်နေမှု၊ ဘုရင့်နောင် ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း ကွန် ကရစ် ခင်းကျင်းနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြ သည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် တွံတေးမြို့နယ်၊ ကွင်းပေါက်ကျေးရွာသို့ သွား ရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ဖောက်လုပ်ခင်း ကျင်းခဲ့သည့် ခရမ်းဝ-ရေတွင်း ကုန်း မြေသားလမ်းနှင့်ဆက်စပ် ၍ ခရမ်းဝရွာမှ ကွင်းပေါက်ရွာ အထိ အရှည် ၄ ဒသမ ၀၂၈ မိုင် မြေသားလမ်းကို အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က အောက်ခံထု ၆ လက်မ အပေါ် ၈ လက်မထုဖြင့် ကွန်ကရစ် ကုန်ထုတ်လမ်း ခင်းကျင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး ကွင်း ပေါက်ကျေးရွာသူ၊ ကျေးရွာသား များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး လမ်းခင်းရာတွင် ကျေးရွာသူ၊ ကျေးရွာသားများ က လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရန် လုပ်ငန်းခွင် အတွင်း သတ်မှတ်စံချိန်စံညွှန်း နှင့်အညီဆောင်ရွက်ရန် မှာကြား သည်။

အဆိုပါ ကုန်ထုတ်လမ်း ခင်းကျင်းပြီးစီးပါက  တွံတေးမြို့နယ်အတွင်းရှိ လယ် ယာ စိုက်ပျိုးရေး၊ ဆန်စပါးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း သိ ရသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ခရမ်းဝ-ကွင်းပေါက် ကုန်ထုတ်လမ်းမအနီး အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)က တစ်နာရီလျှင် ၁၆ ကုဗမီတာ ထုတ်လုပ်နိုင်သည့် ကွန်ကရစ် ဖျော်စက် တည်ဆောက်ထားရှိ မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန် နှင့်အဖွဲ့သည် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဒလ - တွံတေး ကားလမ်းမပေါ်ရှိ ဆိပ်ကြီးတံတားနှင့် မြဝတီ မင်းကြီးလမ်းအကြား အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)က လမ်းဘေးဝဲ/ယာ အရှည်ပေ ၄၁၀၀၊ အကျယ်တစ်ဖက် ၁၅ ပေ၊ ထု ၉ လက်မဖြင့် ကွန်ကရစ် လမ်းသား တိုးချဲ့ခင်းကျင်းနေမှု ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ဒလ-တွံတေးလမ်း နှင့်ဗိုလ်တေဇလမ်းထောင့်အနီး လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာ ရေးအတွက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ ဘုရင့် နောင်ရပ်ကွက်၊ ဆင်ဖြူရှင် လမ်း အင်ဂျင်နီယာဌာန(လမ်း နှင့်တံတား)က အရှည်ပေ ၁၉၀၀၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မ ကွန်ကရစ် ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ် ရေး၊ မြောင်းဖုံးပေါ်ရှိ ကျူးကျော် နေအိမ်များ ဖယ်ရှားရေးနှင့် အမှိုက်ကန်များကို စနစ်တကျ ထားရှိရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-မိုးဝေ






အခြားဆက်စပ်သတင်းများ