နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၃ ခုနှစ် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဝင်ရောက်ယှဉ်ပြိုင်မည်

နိုဝင်ဘာ ၁၉

ကိုဗစ်-၁၉ ရောဂါ အခြေ အနေ တည်ငြိမ်သွားပြီဖြစ်သည့် အတွက် ဩစတြေးလျနိုင်ငံက ပိတ်ထားသည့် ဂျိုကိုဗစ်၏ ဗီဇာ ကို ပြန်လည်ခွင့်ပြုခဲ့သောကြောင့် ယင်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩစတြေးလျအိုးပင်း တင်းနစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်ကြောင်း ဩစတြေးလျ တင်းနစ်အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာခဲ့သည်။

"ဩစတြေးလျဗီဇာ ပြန်လည် ရရှိခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းဝမ်းသာမိပါ တယ်။ ကျွန်တော့်ရဲ့ ကစားသမား ဘဝကို ပြန်လည်တည်ဆောက် ခွင့်ရတော့မယ်။ ဩစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲဆိုတာ ကျွန်တော့်ရဲ့ အအောင်မြင်ဆုံး ဂရန်းစလန်း တင်းနစ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သလို အမှတ်တရ ကောင်းတွေလဲ အများကြီးရှိခဲ့ ပါတယ်။ ဒီလိုပြိုင်ပွဲမျိုးနဲ့ လွဲ ချော်ခဲ့ရတာ စိတ်မကောင်းဖြစ်မိ ပါတယ်။ အခုတော့ ဒီအခြေအနေ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါ ပြီ။ လာမယ့် ဩစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲဟာ ကျွန်တော့်အတွက် စိတ်လှုပ်ရှား စရာကောင်းတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်လာမယ်လို့ မျှော်လင့်ပါ တယ်" ဟု ဂျိုကိုဗစ်က ပြော သည်။

ကမ္ဘာ့အဆင့် ၁ တင်းနစ် ကစားသမားဟောင်း ဂျိုကိုဗစ် သည် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန် ငြင်းဆန်ခဲ့သည့် အတွက် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ဂရန်းစလန်း တင်းနစ်ပြိုင်ပွဲများနှင့် လွဲချော် ခဲ့ရပြီး စိတ်ပျက်စရာအခြေအနေ များနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိ ရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ