နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးရီးအေ အသင်းသို့ ပြောင်းရွှေ့ရန် ကွင်းလယ်ကစားသမား ကန်တီပြင်ဆင်

နိုဝင်ဘာ ၁၉

ယခုနှစ် ဘောလုံးရာသီကုန် တွင် အသင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးမည့် ကွင်းလယ် ကစားသမား ကန်တီသည် ချဲလ် ဆီးအသင်းမှ ထွက်ခွာ၍ စီးရီး အေကလပ်အသင်း တစ်သင်း သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေ ကြောင်း သိရသည်။

ကန်တီသည် ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ချဲလ်ဆီး အသင်းအတွက် သုံးပွဲသာ ပါဝင် ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အဆိုပါ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

ဒဏ်ရာပြဿနာနှင့် ရုန်း ကန်နေရသည့် ကန်တီကို အသင်း အနေဖြင့် သက်တမ်းတိုးရန် အစီအစဉ် မရှိသကဲ့သို့ ယင်း ကိုယ်တိုင်ကလည်း လန်ဒန်မြို့ တွင် ဆက်လက်နေထိုင်ရန်ဆန္ဒ မရှိဘဲ အီတလီ စီးရီးအေသို့သာ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ် ထားခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းမှ ထွက်ခွာ ရန် ပြင်ဆင်နေသည့် ကန်တီကို စီးရီးအေကလပ် ဂျူဗင်တပ်နှင့် အင်တာမီလန် အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ