နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အမီ ဆန်တန်ချိန်နှစ်သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့မည်

ရန်ကုန် နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ချုပ်ဆိုထားသည့်စာချုပ် အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာကုန်အမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန် ချိန် နှစ်သိန်း တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ထံက သိရသည်။

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ခွဲတမ်း ကို မြန်မာကုမ္ပဏီ ၃၀ ကျော်က ရရှိထားကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေသည့် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာဖြင့် သတ်မှတ်ဝယ်ယူပေးလျက် ရှိသည်။

အောက်တိုဘာ ပထမပတ်မှ နိုဝင်ဘာ ၁၀ ရက်အထိ ကာလ အတွင်း ဆန်တန်ချိန် ၆၅၀၀၀ ကျော် တင်ပို့ပြီးဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီမှု MoU အရ မြန်မာ့ပေါင်းဆန်တန်ချိန် ၅၅၀၀၀ ကျော်ကို တင်ပို့နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။                                      CN - 033






အခြားဆက်စပ်သတင်းများ