နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့မိုးမျှော် ငရုတ် နေ့စဉ် ၁၂၀၀ ကီလိုဂရမ် ထိုင်းနိုင်ငံသို့ တင်ပို့နေ

ရန်ကုန် နိုဝင်ဘာ ၁၉

မြန်မာ-ထိုင်း ကုန်သွယ်မှု နယ်စပ်ဂိတ်မှ ပြည်တွင်းစိုက် မိုးမျှော် ငရုတ်တင်ပို့မှု နေ့စဉ် ကီလိုဂရမ် ၁၂၀၀ အထိရှိနေကြောင်း သိရ သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မောတောင်နယ်စပ်ဂိတ်မှ ဒေသထွက် မိုးမျှော်ငရုတ် (Hot Chilli) သည် ပေါက်ဈေးအနေဖြင့် 1 Kg လျှင် ထိုင်းငွေ ၂၈ ဘတ်ရရှိကြောင်း အဆိုပါဈေးရရှိခြင်းသည် ထိုင်းရိုးရာ အစားအစာအမျိုးမျိုးကို ပြည်တွင်းစားသုံးသူများသာ မက လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားများပါ နှစ်သက် စွာစားသုံးကြကြောင်း သိရသည်။

ထို့ကြောင့် တစ်နေ့လျှင် Kg 800 မှ Kg 1200 ထိ တင်ပို့ လျက်ရှိကြောင်း ထိုင်းနိုင်ငံမှ ၁၂ လရာသီ တစ်နှစ်ပတ်လုံး ဝယ်ယူ လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငရုတ်အမျိုးမျိုးကို အိမ်နီးချင်း နိုင်ငံများသို့ အများအပြားတင်ပို့နေပြီး ငရုတ်သီးအမျိုးမျိုးအနက် မြိတ်မြို့ဒေသထွက် မိုးမျှော်ငရုတ်သည် မိုးများပြီး ပူနွေးစိုစွတ်သော ရာသီဥတုကြောင့် ငရုတ်စိုက်ပျိုးရန် အကောင်းဆုံးဒေသတစ်ခုဖြစ် ကြောင်း သိရသည်။                       

အောင်မြင့်ဌေး (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ