နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချိန်မီ၊ အချိန်ကိုက် စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်း ပြပွဲကြီး

ရန်ကုန် နိုဝင်ဘာ ၁၉

နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊ ပို့ကုန် မြှင့်တင်ရေးကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နေ ချိန်တွင် "ပဉ္စမအကြိမ်မြောက် မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် စိုက်ပျိုးရေးပြပွဲ ၂၀၂၂" ကို ရန်ကုန်မြို့၊ အင်းလျားကန် ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာ (YCC) ခန်းမကြီးအတွင်း၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက် အထိ သုံးရက်ကြာ အချိန်ကိုက် ကျင်းပလျက်ရှိသည်။

ယနေ့ ဖွင့်လှစ်သည့် ပြပွဲ တွင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ပေါင်း ၆၀ ကျော်က စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့်ပတ်သက်သည့် စက်ယန္တရား များ၊ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး စသည့် သွင်းအားစုများ၊ နည်းပညာသစ်များ၊ ထုတ်ကုန် သစ်များ၊ လုပ်ငန်းခွင်သုံး ခေတ်မီစက်ကိရိယာများစုံလင် စွာ ပြသထားသည်ကို တွေ့ရှိ ရသည်။

မြို့တော်သတင်းအဖွဲ့သည် ခန်းမကြီးအတွင်း ကျင်းပလျက် ရှိသော ကျွမ်းကျင်ပညာရှင် များ၏ ဆွေးနွေးတင်ပြချက် များကို ဦးစွာ လေ့လာကြရာ နို့စားနွား မွေးမြူရေး၊ ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုများ၊ လုပ်ငန်းရှင်များအတွက် အခွင့် အလမ်းများ၊ ငါးမွေးမြူခြင်း နည်းပညာ၊ ဇီဝဇိုးငှက်သိုက် မွေးမြူ ထုတ်လုပ်ခြင်း ခေတ်မီ နည်းပညာများ၊ အစားအစာ ဖူလုံရေးနှင့် ရိက္ခာထုတ်လုပ်မှု နှင့်ပတ်သက်၍ ပညာရှင်များ ၏ ပြချက်များကို ပြပွဲလာသူ များက စိတ်ဝင်စားစွာဆွေးနွေး မေးမြန်းလေ့လာနေကြသည်ကို တွေ့ရသည်။

ထို့နောက် ပြခန်းများကို ဆက်လက်လေ့လာ ကြည့်ရှု စဉ် ပြပွဲလေ့လာသူအချို့နှင့် တောင်သူလယ်သမားကြီးအချို့ ကိုလည်း တွေ့ရသည်။ အများ စုမှာ ကုန်ထုတ်လုပ်ငန်းရှင် များ၊ ဝန်ဆောင်လုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားပြုလုပ် နေကြသော စီးပွားရေးလုပ်ငန်း ရှင်များနှင့် စိတ်ပါဝင်စားသူ များဖြစ်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း တွင် အသင်း၏ အတွင်းရေးမှူး ဦးမျိုးမင်းသိန်းနှင့် ဆွေးနွေး လေ့လာခွင့်ရသည်။

အဆိုပါအသင်းသည် ရှမ်း ပြည်နယ်မြောက်ပိုင်း၊ လားရှိုး ဒေသနှင့် တောင်ပိုင်း တောင် ကြီးဒေသထွက် စီပီပြောင်းများ ကို လွန်ခဲ့သည့် ၁၀ နှစ်ခန့် ကတည်းက ထိုင်းနှင့် တရုတ် နိုင်ငံများသို့ အဓိက တင်ပို့နေ ခြင်းဖြစ်သည်။

ယခုနှစ်တွင် ပြောင်းဧက ငါးသောင်းစိုက်ပျိုးထားကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၁၀၀၀ မှ ၂၀၀၀ ခန့်အထိ အထွက်နှုန်း ရှိကြောင်း၊ ပြည်ပသို့ မက်ထရစ် တန်ချိန် ငါးသိန်းခန့်တင်ပို့ပြီး သည့်အနက် လားရှိုးဒေသက ၇၅ ရာခိုင်နှုန်းနှင့် တောင်ကြီး ဒေသက ၂၅ ရာခိုင်နှုန်းခန့်ပါဝင် ကြောင်း၊ ပြောင်းအထွက်နှုန်း များမှာ မြေဩဇာ သုံးစွဲနိုင်မှု ပေါ်တွင် မူတည်ကြောင်း၊ ပြောင်းတစ်ပိဿာလျှင် ၁၀၁၀ ကျပ်မှ ၁၀၅၀ ကျပ် ပေါက်ဈေး ရှိနေကြောင်း ရှင်းပြသည်။

အဆိုပါပြခန်းနှင့် မနီးမဝေး တွင် မှော်ဘီမြို့နယ် ညောင် နှစ်ပင် စီးပွားရေးဇုန်၌ မြေ ငါးဧက (တစ်ယူနစ်) ပေါ်တွင် အော်ဂဲနစ်ဥယျာဉ်ခြံနှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးနေသော PIONEER AGRO BIZ CO.,Ltd. ၏ အော်ဂဲ နစ်ခြံ တာဝန်ခံ မသွယ်သွယ် အေးနှင့် ဆွေးနွေးခွင့်ရသည်။

၎င်းတို့ လုပ်ငန်းအနေဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကစတင် ၍ သရက်၊ ပိန္နဲ၊ ကျွဲကောခြံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ကာ Delivery စနစ်ဖြင့် မှာယူ သူများထံ ရန်ကုန်တစ်ဝိုက် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ခြံအတွင်း အော်ဂဲနစ်သီးနှံအမျိုး ပေါင်း ၃၀ ခန့် ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိကြောင်း ၎င်းကရှင်းပြ သည်။

ယခုအခါ စားသုံးသူများ သည် ကျန်းမာရေးအတွက် ဦးစားပေးကာ ဓာတုဆေးဝါး လွတ် အော်ဂဲနစ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် သီးနှံများ ပိုမိုစားသုံးလာကြသဖြင့် ၎င်းတို့ ကုမ္ပဏီနှင့် အလားတူ ရန်ကုန် မြို့တစ်ဝိုက်တွင် အော်ဂဲနစ် သီးနှံကုမ္ပဏီ ငါးခုခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့တော်သတင်း အဖွဲ့သည် မန်းရွှေပြည်ထရက် တာကုမ္ပဏီလီမိတက်က ပြသ ထားသော LAMBORGHINI အမျိုးအစား ဘက်စုံသုံးယန္တရား ကိုလေ့လာကာ တာဝန်ရှိသူ ဦးပိုင်စိုးဦး (Asst:Manager) နှင့် စကားပြောဖြစ်သည်။

အဆိုပါ ယန္တရားမှာ ကျပ် သိန်း ၈၅၀ ခန့် တန်ဖိုးရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၆/၂၀၁၇ ခုနှစ်မှ စတင်ဖြန့်ချိခဲ့ရာ ယခု အခါ အစီးရေ ၂၀၀ ကျော်ခန့်ရှိ သွားပြီဟု သိရသည်။

အထူးသဖြင့် ပြောင်းစိုက် တောင်သူများနှင့် ကျေးလက် လမ်းများ ဖောက်လုပ်ရေး အတွက်ပါ အသုံးဝင်ကြောင်း သိရသည်။ ထွန်ယက်မှု တစ်ခု အတွက်သာမက လမ်းဖောက် ရာတွင်လည်း များစွာအသုံးဝင် သည်ဟု ဆို၏။   မူရင်းထုတ်လုပ်သည့်နိုင်ငံ မှာ အီတလီနိုင်ငံကဖြစ်ပြီး တန်ဖိုးသက်သာစေရန် အိန္ဒိယ နိုင်ငံတွင် တပ်ဆင်ကာ မြန်မာ နိုင်ငံသို့ ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

အဆိုပါ ပြခန်းနှင့်ကပ်လျက် ပြခန်း၌ အိန္ဒိယနိုင်ငံ MATADOR Co.Ltd. က ထုတ်လုပ်သည့် ကုန်ပစ္စည်းသယ်ပို့ သုံးဘီးယာဉ် ကလေးကို စိတ်ဝင်စားဖွယ် တွေ့ရသည်။

အဆိုပါ ယာဉ်ကလေးများ ကို လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ UMG MOTOR Co., Ltd. က ဖြန့်ချိပေးခြင်းဖြစ် သည်။

သုံးဘီး ကုန်တင်ယာဉ် ကလေးမှာ ကုန်တန်ချိန် တစ် တန် သယ်ဆောင်နိုင်ပြီး တန်ဖိုး ကျပ် ၇၂ သိန်းဖြင့် ရောင်းချပေး ခြင်းဖြစ်သည်။

အလားတူ လူစီးသုံးဘီး ယာဉ်များတွင် ခြောက်ယောက် စီး ကျပ် ၇၂ သိန်း၊ လေးယောက် စီး ကျပ် ၆၅ သိန်းတန်နှင့် ကျပ် ၅၈ သိန်းခွဲတန်များလည်း ဖြန့် ဖြူးပေးနေသည်ဆို၏။

နောင်အခါတွင် လျှပ်စစ် သုံးဘီးယာဉ်ကလေးများလည်း တင်သွင်းဖြန့်ဖြူးရန် အစီအစဉ် ရှိပြီး တန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ဝန်းကျင် ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လက်ရှိ အချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း ထွက်ကုန် များ တိုးတက်ထုတ်လုပ်ကာ ပို့ကုန်မြှင့်တင်နေချိန်ဖြစ်၍ ယခု ပြပွဲသည် များစွာအထောက် အကူဖြစ်စေမည်ဖြစ်သည်။

ပြပွဲသို့ လာရောက်လေ့လာ ကြသော ညောင်တုန်းမြို့နယ် ကျောင်းစုံရွာ လယ်သမား လေ့လာရေးအဖွဲ့မှ တောင်သူ ဦး အောင် ကျော် မြင့် ကလည်း မိမိတို့အဖွဲ့အတွက် ဗဟုသုတ များစွာရရှိပြီး လယ်ယာလုပ်ငန်း အတွက် အကြံဉာဏ်ကောင်း များလည်း ပေါ်ထွက်ခဲ့ကြောင်း ပြောကြားသွားသည်။






အခြားဆက်စပ်သတင်းများ