နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Naypyitaw State Academy တွင် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်

ရန်ကုန် နိုဝင်ဘာ ၁၉

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် အရည် အသွေးမြင့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ Naypyitaw State Aca- demy တွင် ဘွဲ့လွန်တန်းများ ဖြစ်သည့် မဟာတန်းများ၊ ပါရဂူ တန်းများအထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။

Naypyitaw State Acade- my ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်း တက္ကသိုလ်ကြီး တစ်ခုဖြစ်လာစေရန် ရည်ရွယ် ပြီး ဖွဲ့စည်းတည်ထောင်ထား ခြင်းဖြစ်သည်။ Naypyitaw State Academy တွင် မဟာ ဌာနကြီးများဖြစ်သည့် ဝိဇ္ဇာ ပညာမဟာဌာန၊ သိပ္ပံပညာ မဟာဌာန၊ ဥပဒေပညာမဟာ ဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေး ပညာမဟာဌာနနှင့် အားကစား ပညာမဟာဌာနများဖြင့် ပါဝင် ဖွဲ့စည်းထားသည်။

ထို့ပြင် Naypyitaw State Academy ကို အရည်အသွေး မြင့်သည့် သင်ကြားသင်ယူမှု နည်းစနစ်များ၊ နိုင်ငံအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီ သင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်း များ၊ သုတေသန ဓာတ်ခွဲခန်း များနှင့် ခေတ်မီစာကြည့်တိုက် များ ပါဝင်သည်။

Naypyitaw State Acade- my ကို နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း မိသားစုများ၏ သားသမီးများ၊ နေပြည်တော် ရှစ်မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏ သီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ် ကုန်းနှင့် လယ်ဝေးမြို့နယ်များ မှ ဒေသခံ ပြည်သူများ၏ သား သမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူ လေ့လာနိုင်ရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Naypyi- taw State Academy အပါအဝင် ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု ၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများ အပါအဝင် စုစုပေါင်း ၁၇၅ ကျောင်းဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရ သည်။

နန္ဒာဆွေ (မြို့တော်)






အခြားဆက်စပ်သတင်းများ