နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ကွမ်ကျိုးတွင် ကွာရန်တင်းစင်တာ ဆောက်လုပ်

ကွမ်ကျိုး    နိုဝင်ဘာ   ၁၉

တရုတ်နိုင်ငံ တောင်ပိုင်းကွမ် ကျိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် မှုတိုက်ဖျက်ရေးအတွက် ခုတင်၂၅၀, ၀၀၀ ပါသည့်ကွာရန်တင်းစင်တာကို ဆောက်လုပ်နေကြောင်း တရုတ် အစိုးရက နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာလိုက်သည်။

တရုတ်အစိုးရအနေဖြင့် လူသန်း ပေါင်းများစွာကို နေအိမ်တွင်ကန့်သတ် ပိတ်ပင်မှုဖြစ်စေသည့် ရောဂါထိန်းချုပ် ရေးစည်းမျဉ်းများ၏ သက်ရောက်မှု မှသက်သာစေရန် အားထုတ်နေချိန် တွင် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ ကွာရန်တင်းစင်တာ ဆောက်လုပ်နေသည့် ကွမ်ကျိုးမြို့ ကြီးတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုပေါင်း တစ်သောင်း နီးပါးရှိနေပြီး ယင်းသည်အောက်တိုဘာလဆန်းပိုင်းကစ၍အကြီးဆုံးအစုလိုက်အပြုံလိုက်ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ