နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေဇုန်မိုးသစ်တောကိုထိန်းသိမ်းပြီးရာသီဥတုပြဿနာများလျှော့ချမည်

ရောမ  နိုဝင်ဘာ   ၁၉

ဘရာဇီးလ်သမ္မတသည် အီဂျစ်နိုင်ငံ ၌ ကျင်းပနေသည့် COP–27 အစည်း အဝေး၌ အမေဇုန်မိုးသစ်တောအား ထိန်းသိမ်းလျက် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ပြဿနာများကို လျှော့ချနိုင်ရန်ပြုလုပ် မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက် ကကတိပြုပြောကြားလိုက်သည်။

လက်ရှိ ဘရာဇီးလ်သမ္မတလူလာ သည် လာမည့် ၂၀၂၅ ခုနှစ်တွင် COP–30 အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် ရည်ရွယ်ထားပြီး လူနေထူထပ်သော ကမ်းရိုးတန်းဒေသ ထက် မိုးသစ်တောများရှိသောဧရိယာ တွင်သာ ကျင်းပရန် ရည်ရွယ်ထား ကြောင်း သိရသည်။

သမ္မတမစ္စတာလူလာသည်ယခင် ကလည်း သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကာ ၂၀၀၃ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အတွင်း၎င်း၏ပထမ ဆုံးသမ္မတသက်တမ်း၌ အမေဇုန် တော ပြုန်းမှုကို စံချိန်တင်လျှော့ချနိုင်ခဲ့သူ တစ်ဦးအဖြစ် နာမည်ရခဲ့သည်။

စတုရန်းကီလိုမီတာ ၆ သန်းကျော် ကျယ်ဝန်းသော ကမ္ဘာ့အကြီးဆုံးမိုးသစ် တောအမေဇုန်သည် ဖန်လုံအိမ်ဓာတ်ငွေ့ အမြောက်အမြားကို စုပ်ယူထားနိုင်ပြီး  အဆိုပါ သစ်တောပျက်စီးသွားပါက ဖန်လုံအိမ်ဓာတ်ငွေ့များကို စုပ်ယူထားနိုင်ခြင်းမရှိတော့သဖြင့် ကမ္ဘာ့ရာသီဥတု အား အဆိုးရွားဆုံးထိခိုက်လာစေမည် ဖြစ်သည်။                 

 (ref:Reuters)






အခြားဆက်စပ်သတင်းများ