အန်ကာရာ နိုဝင်ဘာ ၁၉
ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည် ငြိမ်ရေးကိုမြှင့်တင်ရန်အတွက်တရုတ် နိုင်ငံအနေဖြင့်တောင်ကိုရီးယားနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း သမ္မတရှီ ကျင့်ဖျင်က နိုဝင်ဘာ ၁၈ရက်တွင် ပြော ကြားလိုက်သည်။
ယခု ပြောကြားချက်သည် အင်ဒို နီးရှားနိုင်ငံ၊ ဘာလီ၌ ကျင်းပသည့် G – 20 ထိပ်သီးအစည်းအဝေးပြင်ပ၌ တောင်ကိုရီးယားသမ္မတ ယွန်းဆက် ယိုလ်နှင့်တွေ့ဆုံစဉ်ပြောကြားလိုက် ခြင်းဖြစ်သည်။
တောင်ကိုရီးယားသမ္မတ ယွန်း ဆက်ယိုလ်ကမူမကြာမီကျရောက်မည့် တောင်ကိုရီးယား - တရုတ်ဆက်ဆံရေး နှစ် ၃၀ ပြည့်ချိန်မှစ၍ အချင်းချင်းအပြန် အလှန်လေးစားမှုနှင့်အကျိုးပြုမှုတို့ ဖြင့် ခိုင်မာသောဆက်ဆံရေးကို တည် ဆောက်ရန် စိတ်အားထက်သန် ကြောင်း ပြန်လည်ပြောကြားထားသည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့်တရုတ်နိုင်ငံနှင့်အပြန်အလှန်ဆက်ဆံရေးကိုထိန်းသိမ်းရန်၊ နိုင်ငံသားအချင်းချင်းရင်းနှီးမှုရှိရန်၊ နှစ်နိုင်ငံအကြားချစ် ကြည်ရင်းနှီးမှုကိုမြှင့်တင်ရန်၊ လွတ်လပ် သောကုန်သွယ်မှုစနစ်အား မြှင့်တင်ရန် နှင့်ကမ္ဘာ့စိန်ခေါ်မှုများကိုအတူတကွ ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်း လည်းသမ္မတယွန်းက ဆက်လက် ပြော ကြားထားသည်။
(ref:CNN)