နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ၊ ရာထူးမှ ဆင်းမည်ဟု ပြောကြား

ဝါရှင်တန်   နိုဝင်ဘာ   ၁၉

နောင်လာမည့်မျိုးဆက်သစ်များအားနေရာပေးရန်အတွက် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဆင်းပေးမည်ဟု မစ္စနန်စီပယ်လိုစီက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက် သည်။

အောက်လွှတ်တော်ကို အမျိုးသမီး အနေဖြင့် ပထမဆုံးဦးဆောင်ခွင့်ရရှိ ခဲ့သည့် အသက် ၈၂ နှစ်ရွယ် ပယ်လို စီသည် လွှတ်တော်အတွင်းရှိ နေရာ အများစုကို ရီပက်ဘလစ်ကန်များ ပြန်လည်ရရှိလာပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တွင် ကန်သမ္မတဘိုင်ဒင် က မစ္စပယ်လိုစီအား အမေရိကန်သမိုင်း တွင် အရေးပါအရာရောက်ဆုံးသော အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်စားဖော်ပြခဲ့သည်။

မစ္စပယ်လိုစီသည် တရုတ်ကိုအချိန် အတန်ကြာဝေဖန်ခဲ့သူအဖြစ် လူသိများ ပြီး ပြီးခဲ့သည့် ဩဂုတ်လကလည်းတရုတ် အာဏာပိုင်များအကြိမ်ကြိမ် သတိ ပေးသည့်ကြားမှ ထိုင်ဝမ်သို့ သွား ရောက်လည်ပတ်ခဲ့သူဖြစ်သည်။

(ref:CNA)






အခြားဆက်စပ်သတင်းများ